3(uni&zawgyi)

19.3K 351 33
                                    

Unicode

💗မင်းသာသခင့်ရဲ့မူပိုင်💗

💗အပိုင်း၃💗

💗💗💗'သမီးငယ် ခြံရှေ့ရပ်နေတဲ့ဟိုလူငယ်လေးက သမီးအသိလား'

မုဒြာ ဖေဖေမေးတာကိုပင်မကြား ခြံရှေ့ကနေသူမတို့ကိုရပ်ကြည့်နေသည့် နေမင်းသခင်ကိုသာ ထိတ်ထိတ်လန့်လန့်ကြည့်နေမိသည်၊
ဦးမြတ်ထွန်းနိူင် သူမေးတာကိုမဖြေဘဲ ထိုလူငယ်ကိုလှမ်းကြည့်ပြီး အထိတ်တလန့်ဖြစ်နေသည့်သမီးငယ်ကိုကြည့်ကာ ဘာမှထပ်မေးမနေတော့ဘဲ ခြံတံခါးရှိရာကိုသာလျှောက်လာခဲ့လိုက်တော့သည်၊
ထိုလူငယ်လေးနဲ့မျက်နှာချင်းဆိုင် အနားကိုရောက်တော့၊

'ဒီကမောင်ရင် ဘယ်သူများလဲကွဲ့'

သခင် သူမမျက်နှာလေးဆီကအကြည့်မခွာနိူင်ဖြစ်နေရာမှ ထိုအန်ကယ်အမေးကြောင့် သူတံထွေးတစ်ချက်မြိုချလိုက်ကာ၊

'ကျွန်တော့်နာမည်နေမင်းသခင်ပါအန်ကယ် အန်ကယ်ကဦးမြတ်ထွန်းနိူင်လား'

'ဟုတ်ပါတယ် မောင်ရင်ကအန်ကယ့်ကိုဘယ်လိုသိတာလဲ'

'နားနဲ့မနာ ဖဝါးနဲ့နာပေးပါအန်ကယ် ကျွန်တော်က ဟိုမှာရပ်နေတဲ့အန်ကယ့်သမီးကုမုဒြာရဲ့ ချစ်သူပါ'

'ဘယ်လို'

ဦးမြတ်ထွန်းနိူင် ထိုလူငယ်လေးအပြောကြောင့် နောက်ပါးကသမီးငယ်ဆီဆတ်ကနဲ့လှည့်ကြည့်လိုက်သည်၊
မုဒြာ ဖေဖေလှည့်ကြည့်လာသည်ကြောင့် ပို၍ထိတ်လန့်သွားကာ လူကလဲနေရာမှမရွေ့နိူင်ဖြစ်နေရသည်၊စိတ်ထဲကနေလဲ

(မမ နင်ဘယ်မှာလဲ အိမ်ကိုအမြန်ပြန်လာခဲ့ပါမမရယ် ပြဿနာတွေတော့တက်ပါပြီ မုဒြာကြောက်လိုက်တာ)

ဦးမြတ်ထွန်းနိူင် မျက်မှောင်ကျုတ်ပြီး ထိုလူငယ်ဘက်ပြန်လှည့်ကာမေးလိုက်သည်၊

'မင်းကကုမုဒြာရဲ့ချစ်သူဟုတ်လား'

'ဟုတ်ပါတယ်အန်ကယ်'

'အရင်ဆုံးအိမ်ထဲဝင်ပါဦးမောင်ရင်'

ဦးမြတ်ထွန်းနိူင် အပြင်မှာရပ်စကားပြောလို့မသင့်တော်တာကြောင့် ခြံတံခါးလေးကိုဖွင့်ပေးလိုက်သည်၊နေမင်းသခင်လဲ သူ့ကိုဝင်ခွင့်ပြုသည်ကြောင့် ချစ်ရသူနေထိုင်ရာခြံဝင်းလေးအတွင်း ရင်ခုန်စွာခြေချလိုက်တော့သည်၊
ပြီး သူ့ကိုအံဩတကြီးကြည့်နေသည့်သူမကို သူမပြုံးမရယ်မျက်နှာဖြင့်ပြန်ကြည့်နေမိသည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now