23(uni&zawgyi)

11.6K 302 28
                                    

Unicode

အပိုင်း ၂၃

💞 အချိန်ငါးရက်ခန့်အကြာမှာတော့ သခင်လဲယောက္ခမအိမ်မှာပဲအတူနေနေရင်း အလုပ်သွားအလုပ်ပြန်ကာ အားလုံးစီမံခန့်ခွဲပြီး အရှောင်တိမ်းကောင်းတဲ့မုဒြာတို့ညီအစ်မသည်လဲ အတူတိုင်တိုင်ပင်ပင်ဖြင့် အစီစဥ်တွေချကာ မုဒြာကအိမ်မှာဝါသနာပါရာကိုကြိုးစားလုပ်ကိုင်နေသလို ကုကုလဲခုဆိုအလုပ်ဝင်ဖို့ပြင်ဆင်နေလေပြီ၊
ဇိုင်းလဲ မုဒြာအိမ်မရောက်ဖြစ်တော့ဘဲ ရင်ထဲဒဏ်ရာတွေဖြင့် အလုပ်တွေဘဲဖိလုပ်နေလေကာ မုဒြာတို့ဆီမသွားတော့ချေ၊

သူတို့လေးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခြင်းမရှိသေးပါ၊ကိုယ့်အတွေးကိုယ်ခံယူချက်တွေနှင့် တွေ့ဆုံရဖို့သင့်တင့်မယ့်အချိန်ကိုသာစောင့်ဆိုင်းနေကြလေသည်၊

သခင် အိမ်ဧည့်ခန်းထိုင်ခုံမှာ ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေပြီး သဘက်ခါသွားရမည့်နှစ်ညအိပ်ခရီးစဥ်အတွက်ပြင်ဆင်နေလေသည်၊

"သခင်"

"ဗျာအဖေ"

''မနက်စာစားရအောင်လေ လာ"

"ဟုတ်ကဲ့ ခဏနော်အဖေ ဒါလေးလက်စသတ်လိုက်ဦးမယ်"

သခင် စာရင်းအချို့အမှားတွေပြင်နေရင်းမှအမြန်လက်စသတ်ပြီး ထလာခဲ့တော့သည်၊

"ပေါင်မုန့်မီးကင်လားအဖေ"

"ဟုတ်တယ် နေ့တိုင်းထမင်းပဲစားနေရတာရိုးတယ် ပေါင်မုန့်မီးကင်ကိုမှထောပတ်သုတ်ထားတာ ဒီမှာကော်ဖီလဲပါတယ် ထိုင်"

သခင် စားပွဲမှာဝင်ထိုင်လိုက်ကာ ယောက္ခမနဲ့နှစ်ယောက်အတူ မနက်စာစားလိုက်သည်၊

"ဒါနဲ့သခင် ညနေအိမ်ကိုစောစောပြန်လာခဲ့"

"ဘာဖြစ်လို့လဲအဖေ"

"ပြန်လာရင်သိမှာပေါ့ မင်းခရီးကသဘက်ခါသွားရမှာလား'

"ဟုတ်တယ်အဖေ လေလံပွဲမတိုင်ခင်အမှီသွားရမှာ"

"အေးအေး ငါဘာလုပ်ပေးလိုက်ရဦးမလဲ"

"မလုပ်ပေးရပါဘူး အဲအစား မသွားခင်မုဒြာနဲ့တွေ့ချင်မိတယ်"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now