Season 2(part 9)

13.6K 392 57
                                    

Unicode

⚘မင်းသာ သခင့်ရဲ့မူပိုင်⚘

Season 2

အပိုင်း ၉

🖤 🖤 🖤  မုဒြာ​ရေချိုးခန်းဝင်မျက်နှာသစ်ကိုယ်လက်သန့်စင်၍ သူမအဝတ်စား​တွေထည့်ထားသည့်ဗီရိုထဲမှ လည်ပင်းလုံသည့်အပြာ​ရောင်စ​ပေါ့​ပြောက်လက်​​ဖောင်းချည်သားဂါဝန်ရှည်​လေးကိုယူကာဝတ်ဆင်လိုက်ပြီး ဆံပင်ရှည်​တွေကိုရှင်းလင်းစုစည်းလိုက်သည်၊

ပြီး သူမပုံစံကြည့်​ကောင်းရဲ့လားမှန်ထဲကြည့်ကာ ပကတိ​ပြောင်ဝင်း​နေတဲ့မျက်နှာကို​တော့ဘာမှလိမ်းမ​နေ​တော့ဘဲ သူမခန္ဓာကိုယ်နာကျင်​နေမူကိုလျစ်လျူရှုပြီး အခန်းတံခါးဆီအသာ​လျှောက်လာ​တော့သည်၊

ဂျ​လောက်

အခန်းတံခါးဖွင့်အပြင်ထွက်လိုက်သည်နှင့် ကျယ်ပြန့်တဲ့အ​ပေါ်ထပ်ဧည့်ခန်းကို​ဝေ့ကြည့်လိုက်​တော့ တစ်​ယောက်ထိုင်ဆိုဖာခုံကြီး​ပေါ်မှာ​ခြေချိတ်ထိုင်၍​ဆေးလိပ်​သောက်​နေသည့်သခင့်ကို​တွေ့လိုက်ရသည်၊

မုဒြာ သူ့အနား​​လျှောက်သွား​တော့ ​ဆေးလိပ်မီးခိုး​ငွေ့​တွေကြားက​နေ သခင်ခပ်စူးစူးကြည့်​နေ​လေသည်၊

'သခင်'

မုဒြာတိုးဖွဖွ​ခေါ်လိုက်သည်ကိုသခင်ကြား​ပေမယ့်မထူးပါ၊သူမပုံစံ​လေးဟာ အင်မတန်ရိုးရှင်း​နေ​ပေမယ့် သူမဟာဘယ်လို​နေ​နေလှ​နေမြဲပါပဲ၊

မုဒြာ ​သူ့​ရှေ့မှာရပ်နေသည့်သူမကိုအ​ရေးမလုပ်ဘဲ ​ဘာ​ကောင်းကျိုးမှမရှိတဲ့ဆေးလိပ်ကိုသာတရှိုက်မတ်မတ်​သောက်​နေသည့်သူ့ကိုကြည့်ပြီး စိုးရိမ်မိသည်​ကြောင့်၊

'သခင် ရှင်​ဆေးလိပ်​တွေအရမ်းမ​သောက်နဲ့'

မုဒြာ​ပြောလိုက်​တော့ ဆတ်ကနဲ​မော့ကြည့်လာကာစက္ကန့်ပိုင်းမျှအကြာ ဆေးလိပ်ကိုတစ်ချက်ကြည့်ပြီး ​​ရှေ့စားပွဲ​ပေါ်ကပြာခွက်ထဲထိုး​ချေလိုက်သည်၊
ပြီး ထိုင်ရာမှထရပ်လိုက်ကာ ရှေ့တိုးလာ​တော့ မုဒြာ​နောက်​သို့ခြေနှစ်လှမ်းမျှဆုတ်လိုက်သည်၊

'အဟွန်း'

'အ​မေ့ အင့်'

သခင် ​နောက်ဆုတ်သွားတဲ့ခန္ဓာကိုယ်​​လေးကိုပုခုံးက​နေဆွဲယူကာ ရင်ခွင်ထဲ​ထွေးဖက်လိုက်​ပြီး သူ့ရင်ဘတ်မှာကပ်ဝင်​နေတဲ့သူမမျက်နှာ​လေးကို​မေးဖျားက​နေပင့်​မော့ကာနှုတ်ခမ်းလွှာ​လေးကိုစုပ်ယူပစ်လိုက်သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now