End(uni&zawgyi)?

16.9K 287 74
                                    

ဇာတ်သိမ်းပိုင်း

🍒🍒🍒 မုဒြာ မမခွံ့​ကျွေးသည့်နို့ဆန်ပြုတ်​ကို ​ကောင်းမွန်စွာ​သောက်အပြီး ခဏအကြာ ​ဆေးရုံအုပ်ကြီးဒေါက်တာသက်နိူင်ရောက်လာကာ သူမကိုစမ်းသပ်ကြည့်ရှု​ပေး​လေသည်၊

"ကဲသမီး ကိုယ်ဝန်ရက်နုနု​လေးမှာ ဘာအတွက်နဲ့မှစိတ်ဖိစီးမခံနဲ့ အားနည်း​နေချိန်မှာ အားရှိမယ့်အစားစာ​လေးဝင်​အောင်စား​ပေး သိပ်လဲလှုပ်လှုပ်ရှားရှားမ​နေနဲ့ ဗိုက်ကိုဂရုစိုက်ပါ"

"ဟုတ်ကဲ့ဆရာ"

"ဆရာ ညီမ​လေးက​ဆေးရုံမှာဘယ်နှစ်ရက်​နေရမလဲဟင်"

"သူ့ခန္ဓာကိုယ်အ​ခြေ​နေစိတ်ချရပြီဆိုဆင်းလို့ရပါတယ် တစ်ရက်နှစ်ရက်​လောက်​တော့​ပေး​နေလိုက်ပါဦး သခင်ကလဲတစ်ပတ်​လောက်​ဆေးရုံမှာထားဖို့စီစဥ်ထားတယ် အန်ကယ့်ကိုလဲ​ပြောထားပြီးသား"

"​အော် ဟုတ်ကဲ့ဆရာ"

"အဟင်း ညီမနှစ်​ယောက်ကအမွှာဆိုတဲ့အတိုင်း ခွဲမရ​အောင်တကယ်တူတယ် အချို့အမွှာ​တွေဆိုခု​လောက်တူတာသိပ်မရှိဘူး ဒါနဲ့ သခင်က​လေသမီးညီမကိုသိပ်ချစ်ရှာတယ် သူ့မိန်းမတစ်ခုခုဖြစ်မှာ​အရမ်းစိုးရိမ်​နေတာ သူကိုယ်တိုင်လဲဆရာဝန်ပဲဟာအန်ကယ့်ကိုပဲအားကိုးတယ်လုပ်​နေတာ မ​နေ့ညကလဲသူအပူကပ်​နေတဲ့အတွက်​ကြောင့် သူ့အ​ဖေဆီ​တောင်မသွားလိုက်ရဘူး သူ့အ​ဖေသိရင်အရမ်းဝမ်းသာ​နေမှာ ​မြေးရပြီဆိုပြီ​လေ"

"ဆရာက သခင့်အ​ဖေနဲ့အ​တော်ရင်းနှီးလားဟင်"

"ငယ်သူငယ်ချင်း​တွေသမီးရဲ့ အန်ကယ်တို့ကသူငယ်ချင်း​လေး​ယောက်ရှိတာ ​နေတထန် တံတိုင်းရံ သက်နိူင် နွယ်ကြိုး အဟင်း ​ပြောရရင်အန်ကယ်တို့အ​ကြောင်း​တွေကအရှည်ကြီးပါပဲကွယ် ကဲ သမီး​ကောင်း​ကောင်းအနားယူ​နေ အန်ကယ်လဲအခြားလူနာ​တွေသွားကြည့်ဦးမယ် ​အော် ခုနက​တွေ့လိုက်တာသမီးတို့အ​ဖေလား"

"ဟုတ်ပါတယ်ဆရာ ဖုန်းလာလို့ဖုန်းထွက်​ပြော​နေတာ ​ဟော ​ပြောရင်းဆိုရင်းလာပြီ ​ဖေ​​ဖေ"

"သမီးကြီး ဆရာ"

ဦးမြတ်ထွန်းနိူင် အခန်းထဲပြန်ဝင်လာပြီး ​ဒေါက်တာသက်နိူင်အနား​လျှောက်လာကာ တရိုတ​သေ​ပြောဆိုဆက်ဆံလိုက်သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now