Season 2(part 10)

12.1K 443 75
                                    

( uni&zawgyi)

Unicode

💞မင်းသာသခင့်ရဲ့မူပိုင်💞

          Season 2

အပိုင်း ၁၀

💞 💞 💞       '​နေသြဇာ'

သခင် ကြည်လင်ပြတ်သားသည့်အသံဖြင့်ခေါ်လိုက်ရင်း သူ့ဆီလျှောက်လာနေတဲ့နေသြဇာကိုမျက်တောင်မခတ်ကြည့်နေမိသည်၊

နေသြဇာအနားရောက်လာသည်နှင့် သူနဲ့မတိမ်းမယိမ်းအရပ်မောင်းနှင့်ချောမောခန့်ညားတဲ့သခင့်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်၊

'ဂိုဏ်းချုပ်နေမင်းသခင် တကယ်ပြန်လာတာပဲကို အဟွန်း မတွေ့ရတာကြာပြီနော် သတိရနေခဲ့တာပါ'

ပြောရင်းသခင့်ထံလက်တစ်ဖက်ကမ်းပေးလိုက်ပေမယ့် သခင်ကပြန်လည်ဆုပ်ကိုင်နှုတ်ဆက်ခြင်းမရှိ တိတ်ဆိတ်နေသည်၊

ပြောနေတဲ့စကားတွေကြားနေရတာမို့ မုဒြာ သခင့်ကိုမော့ကြည့်ရင်းမှ သားသားကိုရင်ခွင်ထဲ​ပွေ့ပိုက်လိုက်၍ထရပ်လိုက်ပြီး သူမ​​နောက်ကိုလှည့်ကြည့်လိုက်သည်၊

​နေသြဇာ သူ့ကိုပြန်လည်နှုတ်ဆက်ခြင်းမရှိတိတ်ဆိတ်စွာကြည့်နေတဲ့သခင်နဲ့အကြည့်ချင်းဆုံနေရင်းမှ သခင့်​ဘေးကလှည့်ကြည့်လာတဲ့မျက်နှာလှလှ​လေးကိုမြင်ကာ မင်သက်သွားရသည်၊

'ဟင်'

သူသေချာကြည့်လိုက်မိတော့
ပြောင်ရှင်းနေတဲ့မျက်နှာလေးက ညမီးရောင်အောက်မှာထင်းနေကာ မျက်ဝန်းလှလှတွေနဲ့သူမကဘယ်သူများလဲ၊

​နေသြဇာ စိတ်ထဲမှာတွေးမိလိုက်ရင်း သူမကိုအားမနာတမ်းစိုက်ကြည့်​နေသည်မို့ မုဒြာ မ​နေတတ်မထိုင်တတ်ဖြစ်သွားရသည်၊
သခင် ​နေသြဇာအကြည့်​​တွေမုဒြာဆီကိုရောက်သွား၍စိတ်ထဲ​ထောင်းကနဲဖြစ်သွားရကာ သူ့ခန္ဓာကိုယ်နဲ့ကွယ်ပစ်လိုက်သည်၊
မုဒြာလဲသခင့်​နောက်မှာတိုးကွယ်လိုက်ရင်းရင်ခွင်ထဲကသားသားကိုပိုမို​ထွေး​ပွေ့လိုက်သည်၊

နေသြဇာ မချင့်မရဲဖြစ်သွားရပြီးသခင့်​ကိုစူးကနဲကြည့်လိုက်​တော့ သခင်ကလဲတန်ပြန်စူးစိုက်ကြည့်လိုက်သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)حيث تعيش القصص. اكتشف الآن