Season 2(part 12)

13K 398 85
                                    

Unicode

🌺မင်းသာသခင့်ရဲ့မူပိုင်🌺

🌿🌺🌿   သခင်နဲ့မုဒြာ အပေါ်ထပ်လှေကားကနေဆင်းလာကြပြီး ထမင်းစားခန်းဆီဝင်လာတော့ နွယ်နီနဲ့သားကထမင်းစားပွဲမှာထိုင်စောင့်နေလေသည်၊

'နီ'

'သခင် လာပြီလား ပန်းမုဒြာ'

'မာမီ မာမီ'

နီ သခင့်နောက်ပါးမှာပါလာတဲ့မုဒြာကိုပြုံးရွှင်စွာခေါ်လိုက်ပြီး သူမပေါင်ပေါ်မှသားသားကလဲမုဒြာကိုတွေ့တာနဲ့ခေါ်ခိုင်းတော့သည်၊

'မာမီ ချီချီ'

'အဟင်း'

မုဒြာ သခင်မပေါင်ပေါ်ကသားသားကိုပွေ့ချီလိုက်ပြီး သားသားပါးလေးကိုမွှေးကြူလိုက်သည်၊
သခင်ကတော့ မျက်နှာတည်နဲ့ထမင်းစားပွဲမှာဝင်ထိုင်သည်၊
နီ သူမဘေးမှာထိုင်လိုက်သည့်သခင့်ကိုကြည့်ပြီး ကော်ဖီငဲ့ထည့်ပေးကာ သားကိုချီ၍မတ်တပ်ရပ်နေသည့်မုဒြာကို သခင်နဲ့မျက်နှာချင်းဆိုင်မှာထိုင်စေလိုက်သည်၊

'ကော်ဖီနဲ့မုန့်စားမလား ဘာစားချင်တာရှိလဲပြောနော်ပန်းမုဒြာ'

'ဟို ရပါတယ်သခင်မ မုဒြာပြီးမှစားပါ့မယ် သခင်မတို့အရင်စားကြပါ'

'ဘာသခင်မလဲ မနေ့ကသင်ထားတယ်လေ နီ့ကိုမမလို့ခေါ်လို့ ပန်းမုဒြာကိုလဲမုဒြာလို့ခေါ်မယ်လေ ဟုတ်ပြီလား'

မုဒြာသခင့်ကိုကြည့်တော့ ဘာမှမကြားသလိုဟန်နှင့်ကော်ဖီနဲ့မုန့်ကိုသာစားနေပြီဖြစ်တာကြောင့် သခင်မကိုကြည့်ကာ ခေါင်းညိမ့်လိုက်တော့သည်၊

'ဟုတ် ဟုတ်မမ'

နီကျေနပ်သောအပြုံးဖြင့် မုဒြာအတွက်ကော်ဖီနဲ့မုန့်ကိုပြင်ပေးလိုက်သည်၊

'ပြီးမှမစားနဲ့မုဒြာလဲမိသားစုဝင်ပဲ အတူတူစားရမယ် နောက်ရက်လဲအတူတူစားမယ် မနက်ရောညရောကြားလားမုဒြာ'

'ဟုတ်'

'သားသားကိုနီ့ဆီပေး မနက်စာအရင်စားလိုက်မုဒြာ'

နီထိုင်ရာမှထကာ မုဒြာဆီကသားသားကိုခေါ်တော့၊

'သားလေး မေမေ့ဆီလာ'

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now