22(uni&zawgyi)

11.2K 283 16
                                    

Unicode

💞💓မင်းသာသခင့်ရဲ့မူပိုင်💓💞
(💗သခင့်ထံ၌ခစားသော💗)

💕အပိုင်း ၂၂💕

💞💞💞 သားအဖသုံးယောက်နေ့လည်စာစားပြီးသည်နှင့် အိမ်ရှေ့ဇွန်ပန်းရုံလေးအောက်ထိုင်ကာ စကားပြောနေကြသည်၊

"ဒါဆို သမီးသူငယ်ချင်းနဲ့သွားတွေ့လို့ အဆင်ပြေရင်အလုပ်ကတစ်ခါတည်းတန်းလျှောက်မှာပေါ့"

"ဟုတ်တယ်ဖေဖေ အလုပ်သင်ကနေတဆင့် တဖြည်းဖြည်းကြိုးစားပြီး အရည်ချင်းရှိတဲ့အကြီးတန်းအင်ဂျင်နီယာဖြစ်အောင် ကုကုကြိုးစားမှာပါ"

"အေးပါကွယ် သမီးကြိုးစားရင်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ ဒါနဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေကရောဘာတွေပြင်ဆင်ရမလဲ ဟို ဘွဲ့လက်မှတ်တို့ဘာတို့လေ"

"အဲဒါတွေအတွက်မပူပါနဲ့ဖေဖေ သမီးဖာသာအားလုံးပြင်ဆင်သွားမှာပါ  အရင်ဆုံးမီမီနဲ့သွားတွေ့ပြီး ဘာကစရမလဲအရင်တိုင်ပင်ရမယ် အဲတော့လေ သမီးအလုပ်ကြိုးစားပြီး ဖေဖေနဲ့ညီမလေးကိုတာဝန်ယူပါရစေ သမီးကိုယုံကြည်ပေးမယ်မလားဟင် မုမု နင်ရော မမကိုယုံကြည်ပေးမယ်မဟုတ်လား"

"မမရယ် ဘယ်လိုမေးလိုက်တာလဲ မုဒြာမမကိုအမြဲယုံကြည်တယ် အရင်ကအကြောင်းတွေဘာကိုမှမတွေးနဲ့တော့ မုဒြာလဲမတွေးတော့ဘူး လက်ရှိဖြစ်တည်လာမယ့်အချိန်တွေကိုပဲ မုဒြာတို့ကောင်းမွန်စွာဖြတ်သန်းသွားကြမယ် နော်ဖေဖေ"

"သမီးငယ်ပြောတာမှန်တယ်သမီးကြီး ဖေဖေလဲသမီးကိုယုံကြည်တယ် ငါ့သမီးကြီးကရှေ့ကနေအလုပ်တွေကြိုးစားပြီး လိုချင်တဲ့ပန်းတိုင်ကိုအရောက်သွား ဖေဖေတို့ကနောက်ကနေ ပံ့ပိုးရပ်တည်မယ် အဟင်း ဖေ့သမီးနှစ်ယောက်ကြောင့် ဖေဖေတရားဘောင်ဝင်ဖို့ကိုတောင် နောက်ဆုတ်ရတော့မယ် သမီးတို့နဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး ဖေဖေ့မေတ္တာတွေပေးချင်သေးတယ် ဖေဖေလိုချင်ခဲ့တဲ့ဘဝကခုမှရရှိလာတာလေ တမလွန်မှာရှိတဲ့သမီးတို့မေမေကလဲခုလိုပဲမြင်နေချင်မှာပါ"

ကုကုနဲ့မုမု မေမေ့ကိုတမ်းတစကားဆိုလိုက်သည့်ဖေဖေ့ကြောင့် မျက်ရည်ဝဲသွားရသည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Onde histórias criam vida. Descubra agora