❗️8(uni&zawgyi)❗️

21.6K 374 57
                                    


(18+ပိစိလေး ပါဝင်ပါသည်)

💗မင်းသာ သခင့်ရဲ့မူပိုင်💗

🍓အပိုင်း ၈🍓

❤️❤️❤️ "မုမု နင်ရောက်လာတာငါအရမ်းပျော်တာပဲဟာ လာ"

မုဒြာ အိမ်ကနေ မယ်ခိုင်အဆောင်ရောက်အောင် မနည်းလာခဲ့ရသည်၊ညမှောင်ရီပျိုးချိန်ခါမှ သူမ အဆောင်ကိုရောက်လာခဲ့တော့သည်၊
ရောက်ရောက်ချင်း မယ်ခိုင်ကသူမအဆောင်ပိုင်ရှင် မာမီ မီမီလေးဆိုသူအား အ‌ကျိုးကြောင်းပြောပြကာ ဒီတစ်ညနေခွင့်ပေးဖို့ပြောဆိုပြီးသည်နှင့် သူမနေတဲ့အဆောင်ခန်းမှာပဲ မုဒြာကိုအတူနေစေလေသည်၊ထိုမာမီဆိုသူကလဲ အခြောက်မကြီးတစ်ယောက်မို့ မုဒြာလိုမိန်းမလှလေးကိုသူမမှလက်မခံရင် ဒုက္ခရောက်ရချည်ရဲ့ဆိုတာကြောင့် မိန်းမသားချင်းကိုယ်ချင်းစာပါတယ်ဟုပြောကာ ချက်ချင်းလက်ခံပေးရှာလေသည်၊တကယ်ခင်ဖို့ကောင်းသည့် မာမီပါပင်၊

"ကဲ မုမု ဘယ်လိုလဲအဆောင်ပိုင်ရှင်ကအခြောက်ပေမယ့် ကြည့်လိုက် အုပ်ချုပ်ရေး စည်းကမ်း သန့်ရှင်းသပ်ရပ်မူ ဘာပြောစရာလိုလဲဆိုတာ"

မယ်ခိုင်အပြောကြောင့် မုဒြာ အဆောင်ခန်းထဲဝေ့ပတ်ကြည့်လိုက်သည်၊ခုနကဝင်လာရင်းလဲ မုဒြာအဆောင်ကိုအကဲခတ်ပြီးပါပြီ၊အပြင်ကကြည့်ရုံတင်မဟုတ်ဘဲ အဆောင်အတွင်းမှာပါ တကယ်နေချင်စရာကောင်းသည့်အဆောင်လေးပါပင်၊မုဒြာတကယ်သဘောကျသွားရသည်၊

"အင်း တကယ်နေချင်စဖွယ်လေးပါ မုဒြာသဘောကျတယ်မယ်လေး"

"သဘောကျရင်ပြီးတာပါပဲရှင် အော်ဒါနဲ့ နင်ဘယ်လိုလုပ်ငါ့ဆီရောက်လာတာလဲဟ"

"ဟင်း ပြောရရင်အရှည်ကြီးပဲမယ်လေးရယ်"

မုဒြာသက်ပြင်းချရင်း မျက်နှာလေးညှိုးစွာပြောလိုက်လေသည်၊

"နင့်မျက်နှာကဘာဖြစ်သွားရတာလဲမုမုရာ ရှည်ပါစေ ပြော ငါနားထောင်မယ်"

"အင်း တကယ်တော့ ငါနင့်ဆီရောက်လာရတာက"

မုဒြာ သူမဖြစ်ပျက်ခဲ့တာတွေကို အစကနေအဆုံး မချွင်းမချန် ရှက်မနေနိူင်တော့ဘဲ မယ်ခိုင်ကိုပြောပြလိုက်လေတော့သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now