18(uni&zawgyi)

11.4K 326 42
                                    

Unicode

အပိုင်း ၁၈

🌷🌷🌷တပတ်ခန့်အကြာ၊

သခင်  ခုရက်ထဲညတွေမှာကောင်းကောင်းမအိပ်ခဲ့ရသည်မို့ မျက်နှာလဲချောင်ကျကာ သူ့စိတ်တွေလဲမကြည်ပေ၊အလုပ်တွေပဲဖိလုပ်နေကာ ရင်တွင်းဝေဒနာကို ဖုံးဖိထားရလေသည်၊သူအလွမ်းနာကျနေရတာ မချိမဆံ့ပါပင်၊
သွေးပူတုန်း ဘာတွေဘယ်လိုပဲပြောခဲ့မိပါ‌စေ သူမုဒြာကိုမစွန့်လွှတ်နိူင်ပါ၊တစ်ခဏလေးတောင်မေ့မရပေ၊
ဒါပေမယ့် သွားလဲမခေါ်ချင်၊သူသွားခေါ်လို့သူမကမလိုက်ဘူးဟုငြင်းခဲ့ရင် သခင်သူ့စိတ်ကိုမနိူင်ဘဲ တစ်ခုခုလုပ်မိမှာစိုးမိပါသည်၊
ချစ်သည်၊သူမုဒြာကိုသိပ်ချစ်ပါသည်၊ဒါတွေကိုမုဒြာနားလည်အောင် သူဘယ်လိုရှင်းပြရမည်နည်း၊

''ကိုယ်မင်းကိုလွမ်းလိုက်တာမုဒြာရယ်"

သခင် မနေ့ညကအခန်းထဲဝရံတာမှာတစ်ညလုံးထိုင်နေခဲ့ပြီး မနက်မိုးလင်းခါနီးကျမှ သူရေချိုးခန်းဝင်ရေချိုးပြီး အဝတ်စားလဲပြင်ဆင်နေရင်းမှ သူမမီးပူထိုးပေးထားသည့် ရှပ်အင်ကျီတွေကိုကြည့်ကာ ရေရွတ်နေမိခြင်းဖြစ်သည်၊သခင် အနက်ရောင်ရှပ်အင်ကျီတစ်ထည်ကို ဆွဲဖြုတ်ဖို့အလုပ်၊

"သခင် ရှင်ကအနက်တွေနဲ့အရမ်းလိုက်တာ မုဒြာနဲ့တူတူပဲနော် တခါတလေအပြောင်းလဲလေးဖြစ်အောင် အဖြူနဲ့မီးခိုးရောင်လေးလဲဝတ်ကြည့်ပါဦးလား"

သခင်နားထဲ သူမစကားသံလေးကိုကြားယောင်ရင်း ရှပ်အင်ကျီအနက်ရောင်ကိုဖြုတ်ယူမည့်လက်တန့်သွားရကာ သူအဖြူရောင်ရှပ်အင်ကျီတွေနဲ့ မီးခိုးရောင်ရှပ်အင်ကျီတွေဆီ အကြည့်ရောက်သွားရသည်၊

"အဟွန်း ကိုယ်ဘယ်ဟာကိုဝတ်ရမလဲမုဒြာ ပြောတော့ပြောခဲ့ပြီး ရွေးပေးဖို့ကျမင်းကမရှိဘူးနော် "

သခင်ဆွေးဆွေးမြေ့မြေ့ပြောနေရင်း အဖြူရောင်ရှပ်အင်ကျီကိုသာဖြုတ်ယူဝတ်ဆင်လိုက်တော့သည်၊သူ့အင်ကျီဝတ်လိုက်သည်နှင့် ပန်းရနံ့တစ်မျိုးသင်းသင်းလေးရလိုက်သည်၊ထိုအနံလေးက သူမဆီကနေအမြဲရတတ်သည့်အနံလေးပင်၊ သူမမီးပူထိုးပေးထားခဲ့တာတွေမို့ သူမကိုယ်သင်းနံလေးကပါ သူ့အင်ကျီမှာကပ်ပါနေသလိုလို၊ဒါမှမဟုတ် သူမကိုယ်သင်းနံကိုသူကပဲအလွတ်ရနေမိတာလားမသိတော့ချေ၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now