Season 2(part 14)

14.8K 400 70
                                    

Unicode

💔💔💔   သခင် မုဒြာခါးလေးကိုဆေးလိမ်းနှိပ်နှယ်ပေးကာ အိပ်ရာပေါ်သေချာလှဲအိပ်စေလိုက်သည်၊

'မင်းခဏလှဲနေလိုက် ကိုယ်ဆန်ပြုတ်သွားယူခဲ့မယ်'

'ဟင်အင့် သခင် မုဒြာထမင်းစားချင်တယ် ရှင်နဲ့အတူအောက်ထပ်မှာလိုက်စားမယ်နော်'

'မင်းခါးနာနေတယ်လေ'

'နာပေမယ့်ရပါတယ် မုဒြာအိပ်ရာထဲလှဲမနေချင်ဘူး'

သခင် သက်ပြင်းချကာ သူမအနားကပ်ထိုင်လိုက်သည်၊

'မုဒွာ'

'ဟင်'

'နောက်တစ်ခါအဲမိန်းကလေးနဲ့ဝေးဝေးမှာနေပါ ဘယ်လိုအကြောင်းနဲ့မှမျက်နှာချင်းမဆိုင်နဲ့ ခုလိုဖြစ်တဲ့အချိန်ငါမရှိရင်မင်းဘယ်လိုလုပ်မလဲ မင်းကိုငါဘယ်လိုမှစိတ်ချလို့မရဘူး အဲလိုသူများလုပ်တာအမြဲခံနေရရင် မင်းဘယ်လိုရှင်သန်မလဲ'

မုဒြာ သခင့်လက်လေးတစ်ဖက်ကိုလှမ်းကိုင်ဆွဲယူကာ သူမပါးပြင်မှာကပ်လိုက်ပြီး၊

'ရှင်ရှိနေတာပဲ'

'ကျစ်'

'သခင်'

'ဘာလဲ'

'ရှင်မုဒြာကိုချစ်သေးလားဟင်'

'......'

'ချစ်သေးတယ်ဆို အမုန်းတွေကျေပေးလို့ရမလား မုဒြာမခံစားနိူင်တော့လို့ပါ'

'ငါမုန်းတတ်အောင်မင်းသင်ပေးခဲ့တာ'

'မှန်ပါတယ် မုဒြာကြောင့်ရှင်ပြောင်းလဲသွားတာ ဒါပေမယ့် မုဒြာလဲခံစားခဲ့ရတာပါပဲ ရှင်အနားမရှိတဲ့နှစ်နှစ်အတွင်း မုဒြာအမှားတွေကိုနောင်တရမိတယ် မုဒြာမှားခဲ့တာတွေကြောင့် ရှင်ထားသလိုနေခဲ့တာ ခု ခုတော့လေ မုဒြာတောင်းဆိုလို့ရမလား'

'......'

'မုဒြာ မမနဲ့တွေ့ချင်တယ် ပြီးတော့ဖေဖေ'

'......'

'ပြီးတော့ ရှင့်အိမ်ထောင်ရေး မုဒြာနဲ့ရှင်ကဘယ်လိုပဲပက်သက်ခဲ့ပါစေ တရားမဝင်ခဲ့ဘူးမလားသခင် ခုချိန်မှာရှင်ကလက်ထပ်ထားတဲ့သူတစ်ယောက် သားသားလဲရှိနေပြီ မုဒြာရွေးချယ်သင့်တဲ့လမ်းကိုရွေးချယ်ခွင့်ပေးနိူင်မလား'

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now