16(uni&zawgyi)

12.1K 312 115
                                    

Unicode

🍇မင်းသာသခင့်ရဲ့မူပိုင်🍇

🌶️အပိုင်း ၁၆🌶️

🍒🍒🍒အခန်းထဲရောက်တော့ သခင် ကုကုကို ဆိုဖာပေါ်အရင်လှဲချပေးလိုက်သည်၊သူမအဝတ်စားတွေကစိုရွှဲနေသည်မို့ အိပ်ရာပေါ်ချပေးလို့မဖြစ်ပါ၊အဝတ်စားလဲပြီးမှ အိပ်ရာပေါ်ပြောင်းပေးရပေမည်၊

'အင်း ဟင်း ဟင်း'

'ဟင် ကုကု မင်းသတိရလာပြီလား'

'ချမ်း ချမ်းတယ် အရမ်းချမ်းတယ်'

သခင် သူမကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးတုန်နေလေသည်၊မဖြစ်ဘူး ရေစိုဝတ်တွေအမြန်လဲပေးမှပဲ၊

'မုဒွာ'

'အင်း သခင် မုဒြာဒီမှာရှိတယ်'

'မုဒြာ ကုကုကိုအဝတ်စားလဲပေးပါဦး သူ့ကိုအဖျားကျဆေးထိုးရမယ် အရမ်းဖျားနေတယ် ပြီးတော့လက်ကဒဏ်ရာကလဲယောင်ကိုင်းနေတာ ဆေးထည့်ပတ်တီးပြန်စီးရမယ်'

'ဟင် အင်းပါ မုဒြာလဲပေးလိုက်မယ်သခင် အိမ်အကူကောင်မလေးတစ်ယောက်ကို မုဒြာအခန်းထဲကအဝတ်စားတစ်စုံယူလာပေးခိုင်းပေးပါ'

'အင်း ကိုယ် သွားလုပ်လိုက်မယ် '

'အင်း'

သခင်ပြောပြီး အခန်းပြင်ထွက်သွားလေသည်၊
သူထွက်သွားမှ မုဒြာမမကိုယ်ပေါ်က အင်ကျီကိုချွတ်ပစ်ပြီး အိပ်ရာခြေရင်းကစောင်ပါးတစ်ထည်ပြေးယူကာ ခြုံပတ်ပေးထားလိုက်သည်၊
အောက်ခံအဝတ်စားတွေကိုချွတ်ပေးမည်အပြု၊

"နင်မြင်တယ်မလား"

"ဟင်"

ရုတ်တရက်ပြောလိုက်သည်ကြောင့် မုဒြာသေချာမကြားလိုက်ဘဲ မမကိုကြည့်လိုက်တော့ သူမကိုမျက်လုံးလေးမှေးစင်းကာကြည့်နေလေသည်၊

''ကုကု သတိရပြီလား''

တကယ်တော့ ကုကုအိမ်ပြန်ရောက်ခါနီးတည်းက အချမ်းဓာတ်ကြောင့်ရော လက်ကဒဏ်ရာကြောင့်ပါ သတိပြန်လည်ခဲ့ပါသည်၊ကို့အနားနေချင်လို့ တမင်သတိမလည်သလိုဟန်ဆောင်နေတာပင်၊
ဘာမှမသိရှာသည့်မုဒြာမှာတော့၊

''ကုကု နင်ဘယ်လိုနေလဲ ချမ်းနေလား ခနနော် မုဒြာအဝတ်စားတွေယူခိုင်းထားတယ် လဲပေးမယ်နော်''

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now