7 (uni&zawgyi)

17.3K 342 38
                                    

Unicode

💚အပိုင်း ၇💚

💜💜💜 "သမီးမကြာခင်ပြန်လာတော့မယ်ဖေဖေ"

"ဘာ"

ဦးမြတ်ထွန်းနိူင် ကိုယ့်နားကိုယ်တောင်မယုံနိူင်၊ဒီလောက်အချိန်တွေအကြာကြီး ဖအေနဲ့ညီမဖြစ်သူအပေါ် အဆက်ဖြတ်ခဲ့တဲ့သမီးကြီးကုမုဒြာ၊ခုမှဘယ်ကနေဘယ်လိုဆက်သွယ်လာခဲ့သည်မသိတော့၊

"ဖေဖေ"

"သမီးဆိုး သမီးမိုက်"

"ဟင်"

ဖေဖေရဲ့ဒေါသတကြီးပြောလိုက်မူကြောင့် မုဒြာမျက်လုံးပြူးသွားရလေသည်၊

"ပြောပါဖေဖေ သမီးကိုကြိုက်သလိုပြောပါ"

"နင့်ကြောင့်ငါ့သမီးငယ်ဘဝလေးဘာဖြစ်သွားရပြီလဲနင်သိရဲ့လားကုကု နင့်ညီမနင့်ကြောင့် ဘဝပျက်ရပြီ နင်သိလား"

"ဘယ်လို ဖေဖေဘာတွေပြောနေတာလဲ ကုကုနားလည်အောင်ပြောပါဦး"

"ဖေ ဖေဖေ ကုကုလားဟင် ကုကုမလား ပေးသမီးကိုဖုန်းပေး"

မုဒြာ ဖေဖေ့လက်ထဲကဖုန်းကိုတုန်တုန်ယင်ယင်ဆွဲယူကာ၊

"ဟယ် ဟယ်လို ကုကု နင် နင်မို့လား"

"ပန်းမုဒြာ"

"ဟင့် ကုကု တကယ် တကယ်နင်ပဲ ဟင့်ဟင့် နင်ဘယ်မှာလဲကုကုရယ် နင်ဒီကိုအမြန်ပြန်လာခဲ့ပါ မု မုဒြာဘာလုပ်ရမလဲမသိတော့လို့ အဟင့် ဟင့် နင်ပြန်လာပေးပါနော်"

"ဘာတွေပြောနေတာလဲမုမု ငါဘာမှနားမလည်တော့ဘူး အဲမှာဘာတွေဖြစ်နေလို့လဲ"

"ဟင့် ငါပြောပြမယ်"

မုဒြာ နေမင်းသခင်နဲ့သူမရဲ့ဖြစ်ကြောင်းကုန်စင်မှန်သမျှ ကုကုကိုပြောပြလိုက်လေသည်၊

"ဟင့် ဟင့် ငါ့ကိုနင်ပဲကယ်နိူင်တော့မယ်ကုကု နင့်ဇာတ်လမ်းကိုနင်လာရှင်းလှည့်ပါ ငါတောင်းပန်ပါတယ် သူကငါ့ကိုချစ်တာမှမဟုတ်တာ သူချစ်တာနင့်ကိုလေ သူလိုချင်တာနင့်ကိုပဲ ငါ့ကိုဒီပြဿနာထဲကကယ်လှည့်ပါကုကုရယ် ဟင့် ဟင့် ငါနောက်ထပ်အမှားမခံနိူင်တော့လို့ပါ"

မုဒြာပြောပြီးရှိုက်ကြီးတငင်ငိုနေမိတော့သည်၊
တဖက်ကကုမုဒြာအတန်ကြာငြိမ်သက်နေပြီးမှ၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Tahanan ng mga kuwento. Tumuklas ngayon