Season 2 (part 16)

13.2K 384 82
                                    

Unicode

🤎မင်းသာသခင့်ရဲ့မူပိုင်🤎

အပိုင်း ၁၆

🍏🍏🍏   မုဒြာ အိပ်ရာကိုသေချာပြန်လုပ်နေရင်း မှန်တင်ခုံအနားကပြတင်းပေါက်နားမှာဖုန်းပြောနေတဲ့သခင့်ကိုခိုးခိုးကြည့်နေမိသည်၊

မုဒြာ ကိုယ့်ဖာသာကိုယ်မလုံမလဲဖြစ်နေရပေမယ့် သခင်ရေချိုးခန်းဝင်မယ့်အချိန်ကိုရင်တထိတ်ထိတ်စောင့်နေရသည်၊

သခင် အလုပ်ကိစ္စဖုန်းပြောပြီးသည်နှင့် မှန်တင်ခုံပေါ်ဖုန်းချကာ တဘက်ကိုပုခုံးပေါ်တင်လိုက်ရင်း မုဒြာကိုလှမ်းကြည့်တော့ သူမကအိပ်ရာကိုသေချာပြန်ဖြန့်နေသည်၊

'မုဒွာ'

'ဟင်'

'အဲဒါတွေမလုပ်နဲ့တော့ ကိုယ်ရေချိုးဦးမယ် အဝတ်အစားထုတ်ထားပေး'

'အင်း'

သခင်ပြောပြီးရေချိုးခန်းထဲဝင်သွားသည်၊

သူရေချိုးခန်းဝင်သွားသည်နှင့် မုဒြာမှန်တင်ခုံအနားပြေးကာ သခင့်ဖုန်းကိုကြည့်လိုက်မိသည်၊
ရေချိုးခန်းဆီတစ်ချက်လှမ်းကြည့်ကာ၊

'ငါတကယ်ယူဆက်လိုက်ရမလား ဘယ်လိုလုပ်ရမလဲ'

မုဒြာ ရေချိုးခန်းဆီကြည့်လိုက် ဖုန်းဆီကြည့်လိုက်လုပ်နေရင်း မမအသံကိုလဲကြားချင်လှသည်မို့ နောက်ဆုံးအရဲစွန့်ကာ ဖုန်းလေးကောက်ကိုင်လိုက်တော့သည်၊

ဖွင့်ကြည့်လိုက်တော့၊

'ဟမ် passwordကြီးနဲ့လား'

မုဒြာမျက်နှာလေးညှိုးသွားရသည်၊

'passwordကြီးနဲ့ငါဘယ်လိုဆက်ရတော့မလဲ သခင်စုတ် အကျင့်ကိုမကောင်းဘူး'

မုဒြာမကျေမနပ်ရေရွတ်နေရင်း ဖုန်းမှန်လေးကိုပွတ်သပ်ပြီးငိုချင်လာမိသည်၊
သူမအတွက်အခွင့်အရေးဆိုတာနှစ်ခါမရနိူင်ဘူးလေ၊

'passwordသိရင်ကောင်းမယ် passwordကဘာပါလိမ့်'

'အဖေ့မွေးနေ့'

'အမေ့'

ဒုန်း

နောက်ပါးကထွက်ပေါ်လာတဲ့ဖြေသံကြောင့်မုဒြာလန့်ဖြန့်ကာ လက်ထဲကဖုန်းလေးကြမ်းပြင်ပေါ်လွတ်ကျသွားရသည်၊
မုဒြာ မျက်လုံးပြူးသွားရရင်း နောက်ကိုလှည့်ကြည့်တော့ သူမကိုခါးထောက်ရပ်ကြည့်နေတဲ့သခင်၊

🎉 Ai terminat de citit 🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC) 🎉
🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Unde poveștirile trăiesc. Descoperă acum