15(uni&zawgyi)

13.6K 306 95
                                    

Unicode

🍒အပိုင်း ၁၅🍒

🍓🍓🍓 ကုမုဒြာ ဇိုင်းအိမ်ကနေထွက်လာခဲ့ပြီး သူမခြေလှမ်းတွေဟာ ဦးတည်ရာမဲ့နေခဲ့သည်၊ဒီနေ့ကျမှ ရာသီဥတုကလဲ သူမကိုနားလည်သည့်အလား မသာမယာဖြင့် အုံမှိုင်းနေလေသည်၊ချည်ဝမ်းဆက်လေးနှင့်သူမ အပေါ်ဝတ်အင်ကျီလဲမပါ ခန္ဓာကိုယ်ကအေးစက်နေသည့်အတိုင်း ခြေဦးတည်ရာသွားနေမိပြီး လက်ကောက်ဝတ်ကဒဏ်ရာကလဲ ကိုက်ခဲနေလေသည်၊ခုထိလဲဘာမှမစားရသေးကာ ဆာလောင်နေပေမယ့်သူမဘာမှစားချင်စိတ်တော့မရှိပါ၊အိမ်ကိုလဲမပြန်ချင် သူမဘယ်ကိုသွားရမည်နည်း၊

ချစ်ရသူကလဲသူမကိုစွန့်ပစ်သလို အားကိုးတွယ်တာခဲ့ရတဲ့ချစ်သူကလဲမမြင်ချင်တော့ဘူးတဲ့လေ၊ငယ်စဉ်တည်းကခုအသက်ရွယ်ထိ သူမအပေါ်ဘယ်သူကကောင်းပေးခဲ့လို့လဲ၊အားလုံးဟာရယူလိုမူနဲ့ကဲ့ရဲ့ရှုတ်ချဖို့လောက်ပဲသူမအနားရှိနေကြသည်လေ၊မေမေဆုံးပါးပြီးတည်းကတစ်ဦးတည်းသောအဒေါ်ဖြစ်သူကလဲပန်းမုဒြာကိုသာအရေးပေးဆက်ဆံပြီး ပြင်ပေးဆင်ပေးကာဒါဟာသူမချစ်ရတဲ့တူမလေးဟုဂုဏ်ယူဝံ့ကြွားစွာလူတောတိုးစေခဲ့သည်၊သူမကျတော့ရော အသိမှတ်မပြုသည်နှယ့် အမြဲအပြစ်တင်ဝေဖန်လေ့ရှိကာ မုဒြာကလွဲရင်သူမကိုရှိတယ်လို့တောင်မထင်ခဲ့ပါချေ၊ဖေဖေဆိုသည်မှာလဲဘာထူးလဲ မေမေဆုံးပြီးနောက်သူမမှာအုပ်ထိန်းသူဖခင်ရှိသည်ဟု အများမြင်နေရတာကလွဲရင် တစိမ်းထက်တောင်စိမ်းခဲ့ကြသည်၊ဘာနွေးထွေးမူ ဘာချစ်ခြင်းမေတ္တာမှမရရှိခဲ့သည့်သူမ၊ကြာလာတော့အရာအားလုံးအပေါ်မှာ စိတ်နာလာရသည်၊ဒါကြောင့်အရွဲ့တိုက်ကာသူမနေချင်သလိုနေသည်၊စိတ်ပျော်ရွှင်ရာကိုရှာသည်၊အပေါင်းသင်းတွေနဲ့အလုပ်အတူလုပ်ရင်းပျော်ပါးသောက်စားသည်၊

အချိန်တစ်ခုမှာ ကိုနဲ့သူမတွေ့ဆုံခဲ့ရကာ သူမအကြိမ်ကြိမ်ခါထုတ်နေတာတောင် ချစ်ရေးဆိုမပြတ်သူမအနားတဝဲလည်လည်ဖြင့် အမြဲလိုအရိပ်ပမာရှိနေခဲ့ပါသည့်နေမင်းသခင်၊ကုကုလောကကြီးကိုစိတ်နာရသလို အချစ်ဆိုတာကိုလဲမယုံကြည်ရဲသည်မို့ ကို့အချစ်ကိုအခါခါငြင်းပယ်ခဲ့သည်၊ဒါပေမယ့် ဇွဲကောင်းလှသည့်ကို့ကြောင့် ကုကုနောက်ဆုံးမှာသူ့အချစ်စကားတွေကြားတိမ်ညွှန့်ခဲ့ရကာ ချစ်သူတွေဖြစ်ခဲ့ကြသည်၊
ဇိုင်းနဲ့မတွေ့ခင်အထိကိုနဲ့သူမအဆင်ပြေနေခဲ့သည်၊ဒါပေမယ့်ဘဝတစ်ခုတည်ဆောက်ဖို့ အချစ်တစ်ခုတည်းနဲ့မဖြစ်နိူင်သလို၊အမြဲတမ်းလိုချင်တာရှိရင် ငေးကြည့်နေရုံသာနေခဲ့ရတဲ့သူမအတွက် အရွယ်ရောက်လာတာနဲ့အမျှ ငွေဆိုတဲ့အရာကိုလိုချင်တပ်မက်စိတ်ကြီးခဲ့ရသည်၊ကို့ကိုသူမချစ်သည်၊သူမဘဝမှာပထမဆုံးအချစ်ကကိုတစ်ယောက်တည်းဖြစ်ခဲ့သည်၊ဒါပေမယ့် အဲချိန်ကကိုဟာသူများအလုပ်မှာနေရင်း ပင်ပန်းကြီးစွာလုပ်ကိုင်နေရကာ တခါတလေကုကုအတွက်တောင်အချိန်မပေးနိူင်ရှာခဲ့၊လိုချင်တာမှန်သမျှဖြည့်ဆည်းပေးခဲ့တယ်ဆိုပေမယ့် ကုကုဟာကိုပေးတဲ့အရာတွေနဲ့မတင်းတိမ်နိူင်ခဲ့ပါ၊ကုကုအတွက်လိုအပ်ချက်တွေများနေချိန် စိတ်ညစ်ညစ်ဖြင့်သောက်ချင်လာသည်မို့ ဘားတစ်ခုမှာသူငယ်ချင်းနဲ့လိုက်သွားသည့်နေ့က ဇိုင်းနဲ့ပထမဆုံးတွေ့ဆုံခဲ့ကာ ချစ်သူတွေဖြစ်ခဲ့ကြသည်၊ကို့အပေါ်သစ္စာဖောက်ရာရောက်ခဲ့ပေမယ့်လဲ သူမလိုအင်မှန်သမျှ ဖြည့်ဆည်းပေးနိူင်ခဲ့သည့်ဇိုင်းကြောင့် သူမပျော်မွေ့မူတွေကြား ကို့အချစ်တွေကိုဥပေက္ခာပြုခဲ့သည်၊
ကိုကတော့ဘာမှမသိရှာဘဲ ကုကု့ကိုအမြဲရှာသည်၊အဆက်သွယ်လဲမပြတ်ပေ၊
ဒါပေမယ့် ကုကုမိုက်တွင်းနက်ခဲ့ကာ ကို့အတွက်မုဒြာကို သူမနေရာမှာအစားထိုးခဲ့မိသည်၊
ဇိုင်းကကုကု့ကို အမြဲတွေ့ဖို့ချိန်းနေကာ လက်ဖျားငွေသီးသလောက် ကုကု့အပေါ်လဲလိုတရစေသည်၊အဲအချိန်ကကုကုအသက်၂၀ဝန်းကျင်မျှသာရှိသေးပြီး ဘဝကိုအပျော်ကြူးနေခဲ့မိသည်၊ဇိုင်းနဲ့ချစ်သူဖြစ်ပြီး ကို့တွက်အချိန်မပေးနိူင်တော့ကာ ကုကုဘယ်လိုမှကြံမရသည့်အဆုံး သူမအမွှာညီမဖြစ်သူ ပန်းမုဒြာကိုနားချကာ သခင်နဲ့တွေ့ပေးပြီး ကုကုကိုယ်လိုသလိုကြိုးဆွဲခဲ့သည်၊မုဒြာဟာ သူမအပေါ်အနွံတာခံပြီး သူမစကားတစ်ခွန်းဆိုပြီးသူမို့ အစကအဲလိုလုပ်ဖို့အသည်းသန်ငြင်းပေမယ့် ချစ်ခြင်းမေတ္တာနဲ့ကိုင်ကာ ကုကုခြိမ်းခြောက်လိုက်မှလက်ခံသည်၊ကံကောင်းချင်တော့ မုဒြာဟာ သခင့်နဲ့စတွေ့ပြီး နောက်ပိုင်းတွေမှာ ကုကုသင်စရာ ပြောစရာမလိုဘဲ ကိုနဲ့အဆင်ပြေနေခဲ့သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now