17(uni&zawgyi)

12.7K 325 75
                                    

Unicode

🍒အပိုင်း ၁၇🍒

🌷🌷🌷 ကျွီ.......

ကားဘရိတ်သံအကျယ်ကြီးအကြား မုဒြာခြေစုံရပ်၍ မျက်စိစုံမှိတ်ထားလိုက်မိသည်၊သူမကိုယ်သူမ ကားတိုက်ပြီဟု ထင်လိုက်ပေမယ့် ကားကသူမရှေ့တည့်တည့်ကပ်သပ်ပြီးရပ်တန့်သွားလေသည်၊

ချလောက်

မုဒြာ မျက်စိစုံမှိတ်ထားသော်ငြား ကားပေါ်မှတစ်စုံတစ်ယောက် ဆင်းလာသည့်အသံကြားလိုက်ရသည်၊

ဘုန်း

''ဟေ့ မိန်းကလေး အဆင်ပြေရဲ့လား''

''ဟင်''

မုဒြာ ရင်းနှီးလှသည့်အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ လမ်းမီးတိုင်အလင်းရောင်အောက် အကိုဇိုင်းရဲ့မျက်နှာကိုထင်ရှားစွာတွေ့လိုက်ရလေသည်၊၊

''ဟင် အ အကိုဇိုင်း''

''ဟာ မုဒြာလား ဘယ်လိုဖြစ်''

''ပန်းမုဒြာ''

သခင် သူမအနားရောက်လာကာ လက်ကိုဆောင့်ဆွဲပစ်လိုက်သည်၊

''အ့"

သခင် လက်ကနေဆောင့်ဆွဲ၍ သူမကိုယ်လေးကို ရင်ခွင်ထဲဆွဲထည့်မည်အပြု ဇိုင်းကပါမုဒြာလက်ကို လှမ်းဆွဲလိုက်လေသည်၊

''မုဒွာ''

''အ့ ရှင်တို့''

သခင် ဇိုင်းကို စူးစူးရဲရဲကြည့်လိုက်သလို ဇိုင်းကလဲထိုနည်းတူပင်၊သူတို့နှစ်ယောက်အကြည့်ချင်းစစ်ခင်းနေရင်း မုဒြာလက်တစ်ဖက်တစ်ချက်စီကိုဆွဲထားသည်က မုဒြာသခင့်ကိုကြည့်လိုက် ဇိုင်းကိုကြည့်လိုက်ဖြင့်၊

''ရှင်တို့ မုဒြာလက်ကိုလွှတ်ကြပါဦး''

မုဒြာပြောတာမကြားသည့်အလား၊သူတို့ဆုပ်ကိုင်ထားသည့်မုဒြာလက်နှစ်ဖက်လုံးတင်းကျပ်သထက်ကျပ်လာပြီး နာကျင်လာရလေသည်၊

''အ့ နေမင်းသခင် အကိုဇိုင်း မုဒြာလက်နာတယ် လွှတ်ကြပါဦီး''

မုဒြာ ပြောမရသည့်အဆုံး သူမလက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ထားကြသည့် သူတို့လက်တွေကိုအားကုန်ဆောင့်ရုန်းခါပစ်လိုက်သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Место, где живут истории. Откройте их для себя