10(uni&zawgyi)

16.6K 355 56
                                    

Unicode

🍓မင်းသာသခင့်ရဲ့မူပိုင်🍓

     💗သခင့်ထံ၌ခစားသော💗

🌲အပိုင်း ၁၀🌲

🌹🌹🌹 သခင် ဒီနေ့တော့အလုပ်တွေကို အိမ်ကနေပဲစီမံညွှန်ကြားကာ သူမအနားမှာပဲနေဖို့တွေးလိုက်သည်၊မဂ်လာပွဲကိုလဲ နောက်နှစ်ရက်မှာကျင်းပဖို့ရာအတွက် သူအမြန်စီစဉ်လိုက်ရသည်၊မဟုတ်ရင် သူ့အနားကနေထွက်ပြေးချင်နေတဲ့သူမကို တရားဝင်မပိုင်ဆိုင်သေးပါရင် သူ့အတွက် အားနည်းချက်ဖြစ်နေမည်မို့ သူမသဘောကိုမေးမနေတော့ဘဲ သူ့ဆုံးဖြတ်ချက်နဲ့သာစီစဉ်လိုက်သည်၊

"‌ဦးသင်စ"

သခင်ဧည့်ခန်းမှာ တစ်မနက်ခင်းလုံး ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေရာမှ နာရီကိုကြည့်လိုက်တော့ နေ့လည်စာ စားချိန်ပင်ရောက်နေပြီမို့ ဦးသင်စကိုလှမ်းခေါ်လိုက်သည်၊
မကြာလိုက် ဦးသင်စသူ့အနီးရောက်လာလေသည်၊

"သခင် "

"နေ့လည်စာပြင်ထားလိုက်တော့ ဦးသင်စ ကျနော်မုဒြာကိုသွားခေါ်လိုက်မယ်"

"ဟုတ်ကဲ့"

သခင် လုပ်လက်စအလုပ်တွေလက်စသတ်ပြီး ကွန်ပျူတာပိတ်ကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်၊

အခန်းတံခါးဖွင့် ဝင်လိုက်သည်နှင့် တိတ်ဆိတ်မူကဆီးကြိုနေရာ သူမအရိပ်ယောင်ပင်မမြင်ရသည်မို့ သူမျက်မှောင်ကျုတ်လိုက်မိသည်၊

"မုဒွာ"

သခင် သူ့အလုပ်လုပ်ဖို့အောက်ထပ်မဆင်းခင် သူမကိုတရေးတမောအိပ်ဖို့မှာခဲ့ပေမယ့် ခုအိပ်ရာကမနက်ကအတိုင်းအရာမယွင်းချေ၊

သခင် ရေချိုးခန်းတံခါးဆီလျှောက်သွားကာဖွင့်ကြည့်လိုက်တော့လဲမရှိသည်မို့ ဝရံတာဘက်ကိုထွက်လာကြည့်လိုက်စဉ်၊

"ဟင် မုဒြာ"

ဝရံတာမှာဒူးလေးထောင် လက်လေးပိုက်ပြီး နံရံကိုခေါင်းမှီအိပ်နေပါတဲ့သူမ၊

"ကျစ် ဘာလို့ဝရံတာမှာအိပ်နေရတာလဲ မုဒြာ မု ဟင်"

သခင် သူမနားဒူးတစ်ဖက်ထောက်ထိုင်ချကာ ပုခုံးလေးက‌ကိုင်နိုးစဉ် သူ့လက်မှာ ပူနွေးမူကိုခံစားလိုက်ရလေသည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now