Season 2 ( part 3 )

8.8K 250 181
                                    

Unicode

🌲🌿🌲  ​ဒေါက် ​ဒေါက်

'မပန်းမုဒြာ မပန်းမုဒြာ'

မုဒြာ ​နေ့လည်တည်းကအိပ်​ပျော်သွားခဲ့တာ ခုတစ်​ယောက်ယောက်က အခန်းတံခါး​ခေါက်လာနိုး​တော့မှ လူကဆတ်ကနဲနိုးလာရသည်၊

'မပန်းမုဒြာ မပန်းမုဒြာ​ရေ'

​ဒေါက် ​ဒေါက် ​ဒေါက်

'အင့်'

မုဒြာ အိပ်ချင်မူးတူးဖြင့်အိပ်ရာ​ပေါ်မှထလိုက်ကာ အခန်းတံခါးဆီ လှုပ်စိလှုပ်စိ​လျှောက်သွား​လေသည်၊

​ဒေါက် ​ဒေါက်

မုဒြာအခန်းတံခါး​ခေါက်​ခေါ်​နေသည့်ချင်း​လေးမှာ သူမဒီ​လောက်​ခေါ်​နေတာ​တောင် အထဲကဘာမှတုံ့ပြန်မလာ၍​ခေါင်းကုပ်လိုက်ရင်း၊

'ဒီ​လောက်​တံခါးခေါက်ပြီး​ခေါ်​နေတာကို ဟို မပန်းမုဒြာက ရှိ​ရောရှိရဲ့လားမသိ'

ကျွီ

ချင်း​လေး​ပြော​နေတုန်းအခန်းတံခါးပွင့်လာ​လေသည်၊

'အယ် ရှိတာပဲ မပန်းမုဒြာကအိပ်​နေတာလား'

မု​ဒြာ​ခေါင်းညိမ့်ပြလိုက်သည်၊ပြီး ဆံပင်ကုပ်ဝဲနဲ့မျက်နှာမှာသနပ်ခါး​ရေကျဲလူးထားသည့် သူမထက်အရပ်ပုတဲ့ကောင်မ​လေးကို ​ခြေဆုံး​ခေါင်းဆုံးကြည့်လိုက်ကာ၊

'ဘယ်သူလဲဟင်'

မုဒြာ​မေး​တော့ မဝံ့မရဲပြုံးပြလာကာ၊

'ချင်း​လေးနာမည်ကချင်း​လေးပါ ဟို မပန်းမုဒြာလို့သာ​ခေါ်ရတာ ချင်း​လေးထက်အသက်ကြီးမယ်ထင်တယ်​နော်'

'အင်း'

'ဒါဆိုမမပန်းမုဒြာလို့ပဲ​ခေါ်​တော့မယ် ​အော်လာရင်းကိစ္စ​မေ့​တော့မှာပဲ မမပန်းမုဒြာ ခဏ​နေ​ရှေ့ကကွင်းပြင်မှာအားလုံးစု​ဝေးဖို့အိမ်​တော်ထိန်းက​ပြောထားတယ် မမ​ရောပါတယ်တဲ့ အဲဒါလာ​ပြောခိုင်းလို့ပါ'

'အင်း မုဒြာ​အဝတ်စားလဲပြီးရင်လာခဲ့ပါ့မယ်'

'အင်းအင်း ဒါဆိုချင်း​လေးသွားပြီ​နော်မမပန်းမုဒြာ'

မုဒြာ​ခေါင်းညိမ့်ပြလိုက်သည်၊

ချင်း​လေးလှည့်ထွက်လာခဲ့ရင်း၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now