Season 2 (part 15)

13.9K 344 54
                                    

Unicode

💘မင်းသာသခင့်ရဲ့မူပိုင်💘

Season 2

အပိုင်း ၁၅

🌷🌷🌷🌷  ကုကု ခန္ဓာကိုယ်တစ်ခုလုံးပင်ပန်းနွမ်းနယ်နေကာ ရေချိုးပြီးမှဖျားချင်လာတော့သည်၊

ရေချိုးခန်းထဲမှာသုံးနာရီကြာမျှယုတ်မာလိုက်တဲ့သူ့ကြောင့် လူကလှုပ်ပါမလှုပ်ချင်တော့ပေ၊

ဇိုင်း အိပ်ရာခြေရင်းမှာထိုင်ငိုင်နေတဲ့ကုကု့အနားလျှောက်သွားကာ သူမရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သည်၊

'ကုကု'

'........'

'ကိုယ့်ကိုချစ်လားဟင်'

'.......'

'ဖြေပါဦးကုကုရယ် ကိုယ်မင်းဆီကအကြားချင်ဆုံးစကားဖြစ်နေလို့ပါ'

'မဖြေချင်ဘူး'

ဇိုင်း သက်ပြင်းချလိုက်ကာ၊

'ဒါဆိုလဲကိုယ်မမေးသေးဘူး ဘာပဲဖြစ်ဖြစ်ဒီနေ့ကိုယ်အရမ်းပျော်တယ် မင်းနဲ့ပက်သက်သမျှကိုယ့်အပိုင်တွေဆိုတဲ့ခံစားချက်ကဘာနဲ့မှလဲမရဘူး'

'ဘာရှင့်အပိုင်လဲ ကုကု့အပေါ်အနိူင်ကျင့်ပြီးဇွတ်လုပ်ယူတာကို'

'ဒါဆိုဘာလို့ငြိမ်သွားခဲ့တာလဲ ကိုယ့်ကိုမကြည်ဖြူလို့ရုန်းနေတာမရရင် ဘေးနားကတစ်ခုခုနဲ့ ကိုယ့်ခေါင်းကိုရိုက်ခွဲခဲ့ရမှာပေါ့'

'ရူးနေလား အဲလိုလုပ်ရင်ကုကုပဲဒုက္ခရောက်မှာ ဘာပဲပြောပြောရှင်နဲ့လိုက်လာမိတဲ့ကုကု့အမှားပဲ'

'ဟုတ်လား ဒါဆိုခုနကကိုယ့်ကိုဆိုးခွင့်ပေးတာလဲအမှားပေါ့'

'နေဇိုင်းမာန်!!'

'အဟင်း ထားပါ ထားပါ ဘာပဲဖြစ်ဖြစ် ဝေးကွာနေခဲ့ရတဲ့အထိအတွေ့တွေကခုထိရူးလောက်အောင်ပဲ မင်းလဲကိုယ့်ကိုလွမ်းနေခဲ့ပါတယ်ကုကုရယ် ဟုတ်တယ်မလား'

'ရှင်ထင်ရာတွေပြောမနေနဲ့'

'ထင်ရာမပြောပါဘူး ခုနကမင်းငြီးသံလေးတွေကဝန်ခံသွားပြီးသား'

'ရှင် ရှင်'

ကုကု မျက်နှာလေးရဲသွားပြီး သူ့ရင်ဘတ်ကိုတွန်းကာထရပ်မည်အပြု ဇိုင်း သူမဒူးလေးနှစ်ဖက်ကနေချုပ်ထားလိုက်သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Место, где живут истории. Откройте их для себя