Season 2 (part 6)

9.6K 295 50
                                    

Unicode

⚘🌹⚘ သခင်စံအိမ်ကြီးတည်ရှိရာခြံဝန်းထဲကား​ချိုး​ကွေ့ဝင်ပြီးသည်နှင့် ကားကို​တလိမ့်ချင်း​မောင်းကာသူ့မျက်လုံး​တွေကခြံဝန်းအတွင်းအစစ်​ဆေးဝင်​နေလိုက်သည်၊
ကျယ်​ပြောလှတဲ့ခြံဝန်းကျယ်ကြီးထဲရှိလူ​တွေအားလုံး သူ့တာဝန်သူထမ်း​ဆောင်​နေကြသလို မသက်ာစရာဘာမှ​တော့ရှာမ​တွေ့​ပေ၊
ညပါတီအတွက် ပြင်ဆင်​နေသူများကလဲအလုပ်​တွေရှုပ်​နေသ​လောက်တက်တက်ကြွကြွပင်၊ထိုပြင်ဆင်​နေမူကြား စနက်ကြည့်ကြပ်​ပေး​နေတာကိုလဲသခင်​တွေ့ရပါသည်၊

သခင် ဟွန်းကနဲပြုံးကာ ကားထဲက​နေအားလုံးကို​ဝေ့ကြည့်စစ်​ဆေးပြီးသည်နှင့် ကားအရှိန်အနည်းငယ်တင်ကာစံအိမ်ကြီးရှိရာဘက်​မောင်းနှင်လာစဥ် ဧည့်​ဆောင်တည်ရှိရာအနား​ရောက်စဥ်မှာ​တော့၊

'သခင် သခင် သခင်'

နားပါးသည့်သခင် ​မေသံဇဥ်ရဲ့​​အော်ခေါ်သံစူးစူးကိုကြားလိုက်တာမို့ သူကားကိုဘရိတ်နင်းလိုက်သည်၊

ကျွီ

​မေသံဇဥ် သူမကို​နေရာချ​ပေးထားသည့်ဧည့်​ဆောင်မှာ ​ရေမိုးချိုးအနားယူပြီးလို့ ​ည​နေ​စောင်းတာ​တောင်သခင့်ကိုအရိပ်​ယောင်မျှပင်မ​တွေ့ရ၍ သူမအပြင်ထွက်လာကာ စံအိမ်ကြီးဆီကိုဘယ်လိုသွားရမလဲ​တွေး​ကြံနေတုန်းမှာ သခင့်ကားကိုမြင်လိုက်ရတာ​ကြောင့် ဝမ်းပန်းတသာ​အော်​ခေါ်လိုက်ရသည်၊
သူမကားအနား​ရောက်သည်နှင့်ခါးကိုင်းကာ ကားထဲကိုငုံ့ကြည့်လိုက်ပြီး၊

'သခင်'

'မင်းဒီမှာဘာလုပ်​နေတာလဲ'

မ​ဖြေဘဲမျက်နှာကငိုမဲ့မဲ့လုပ်ပြသည်မို့ သခင်သက်ပြင်းချကာ၊

'ကား​ပေါ်တက်'

​မေသံဇဥ် ချက်ချင်းပင်ကားတံခါးဖွင့်တက်လိုက်ပြီး သခင့်​ဘေးထိုင်ခုံမှာအကျနဝင်ထိုင်ပြီးသည်နှင့် သခင့်ကိုမျက်စောင်းထိုးလိုက်ကာ မူနွဲ့နွဲ့အသံဖြင့်၊

'သခင် ရှင်ဘယ်ကပြန်လာတာလဲ သံဇဥ်ကိုပစ်ထားတယ်​နော်'

'အဟွန်း ပစ်ထားတာမဟုတ်ပါဘူးကွာ ကိုယ်အလုပ်ရှုပ်​နေလို့'

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now