4(uni&zawgyi)

20.4K 377 28
                                    

Unicode

❤️ အပိုင်း ၄❤️

🌹🌹🌹 ရှုပ်ပွနေသော ဆံနွယ်တွေကိုလက်နဲ့သပ်ချပြီး ကုတင်ခြေရင်း၌ ဟိုတစ်စ ဒီတစ်စကျ‌နေသည့် အဝတ်တို့ကိုလှမ်းကောက်၍ လစ်ဟင်းနေသောကိုယ်၌ ဝတ်ဆင်လိုက်သည်၊
ဘေးမှာလဲ ညကထင်တိုင်းကြဲထားသည့်အရှိန်ဖြင့် မောပန်းစွာအိပ်မောကျနေပါသည့် သူမရဲ့တရားမဝင်ခင်ပွန်းဖြစ်တဲ့ သူဌေးလေးဇိုင်း၊
ကုမုဒြာ နှစ်ခြိုက်ဖွယ် ပြုံးလိုက်မိသည်၊ခုဆိုသူမအိမ်ကနေ ထွက်လာတာနှစ်တွေကြာနေပါပြီ၊ဖေဖေနေကောင်းရဲ့လားမသိ၊သူမလဲတခါတလေ ဖေဖေနဲ့မုမုအဲအိမ်မှာတည်တည်မြဲမြဲရှိနေသေးရဲ့လားဆိုတာ စုံစမ်းကြည့်ပါသည်၊ပြီးခဲ့တဲ့နှစ်က နောက်ဆုံးစုံစမ်း၍သိခဲ့သည်မှာတော့ ဖေဖေနဲ့မုမုအရင်တိုင်း ၊ အရင်နေရာမှာပဲ ရှိနေသည်တဲ့လေ၊ပတ်ဝန်းကျင်ကတော့ကုကုခုလိုအိမ်ကနေထွက်သွားတယ်ဆိုတာသိမည်မဟုတ်ပါ၊
ဘာလို့ဆို အဲအရပ်ဒေသကိုစပြောင်းလာပြီးသည်နောက် သူမတို့မိသားစုဟာ သိုသိပ်စွာနေတတ်သလို အမွှာညီမငယ်ပန်းမုဒြာဟာ အပြင်ထွက်လေ့လဲသိပ်မရှိသည်မို့ သူမမှာအမွှာညီမရှိသည်ဆိုတာ သိသူသိပ်မရှိချေ၊ပြီးတော့မေမေဆုံးပြီးသည်နောက် မုဒြာကနယ်မှာနေတဲ့အန်တီလေးဆီ လိုက်နေကာ ကျောင်းကိုလဲအဲကနေပဲတက်လေသည်၊သူမကတော့ဒီမှာပဲ အဝေးသင်တက်ကာ အလုပ်လုပ်ရင်း အင်ဂျင်နီယာနှင့်ကျောင်းပြီးထားသည်၊သူမပညာရေးကံထူးချွန်ပေမယ့် သူများအနှိမ်မခံရအောင်ကြိုးစားရုံမှတပါးဝါသနာလဲမပါသလို လုပ်ချင်သည်လဲမရှိပါ၊မုဒြာနဲ့ကုကုဟာ ရုပ်တူသော်လဲ အကျင့်ကသူမတူအောင်ကွဲပြားပါသည်၊တူတဲ့အကျင့်ကဆံပင်ရှည်တွေကိုမြတ်နိုးတာချင်းတူညီနေသည်ကလွဲလို့ အစားသောက်၊အဝတ်စား၊အနေထိုင် အကုန်ကွဲပြားလေသည်၊

ညီမဖြစ်သူနဲ့သူမဟာ အမွှာဖြစ်သော်ငြား အစေးကပ်လေ့မရှိပါ၊မုဒြာကရိုးအေးပြီးလူကြောက်တတ်သလောက် သူမကတော့ခေတ်ဆန်ပြီး အပေါင်းသင်းများကာ အပျော်ပါးမက်သည်၊ပြီးတော့ချမ်းသာချင်တဲ့အိမ်မက်ကလဲရှိသေးသည်၊ငွေရှိရင်လက်ညှိုးထိုးမလွဲ ဘာမဆိုစွမ်းဆောင်နိူင်သည်မို့သူမရဲ့လှပတဲ့ရုပ်ရည်လေးကို အသုံးချကာ ဒိတ်ဒိတ်ကြဲသူဌေး‌သားတွေ၊သူဌေးတွေနဲ့တွဲခုတ်ကာ သူမပျော်မွေ့သည်၊ဒါပေမယ့်အချစ်ပါလားလို့မေးရင်တော့နိုးပါ၊သူမဘဝမှာအမှန်တကယ်ချစ်ခဲ့တဲ့ယောကျာ်းတစ်ယောက်သာရှိပါသည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now