Season 2 (part 5)

7.9K 255 54
                                    

Unicode

🤍မင်းသာသခင့်ရဲ့မူပိုင်🤍

💓Season 2💓

အပိုင်း ၅

💚💚💚  သခင် စံအိမ်ကြီးနဲ့၂မိုင်အကွာရှိ သစ်ပင်ပန်းမန်​တွေအပြည့်နဲ့သဘာဝသစ်​တောသဖွယ်ဖန်တီးထား​တဲ့ ခြံဝန်းကျယ်ကြီးထဲက ပျဥ်​ထောင်တစ်ထပ်အိမ်​လေးရှိရာဆီ တစ်ကိုယ်တည်းတိတ်တဆိတ်ကား​မောင်း ထွက်လာခဲ့လိုက်သည်၊
သူ့ကား လုံခြုံ​ရေးစနစ်ထည့်သွင်းထားသည့်ခြံဝန်းတံခါး​ပေါက်ကြီး​ရှေ့​ရောက်သည်နှင့် ခါရာကိုယ်တိုင်ခလုတ်နှိပ်တံခါးဖွင့်၍ခရီးဦးကြိုပြုသည်၊

သခင်ကား​ကိုခြံကြီးထဲ​မောင်းဝင်လိုက်ပြီး ​ငုဝါပင်ကြီး​တွေ​အောက်မှာရပ်တန့်၍သူကား​ပေါ်မှဆင်းလိုက်သည်၊

'သခင်'

ခါရာ သခင်အနား​လျှောက်လာရင်း​ခေါ်လိုက်သည်၊

'အ​ရွှေ့အ​ပြောင်းနဲ့ဘာနဲ့အ​ခြေ​နေဘယ်လို​နေလဲ'

'ဒီတိုင်းပါပဲသခင် ​လေယာဥ်​ပေါ်တက်ချိန်ကနေဆင်းတဲ့အချိန်အထိ ​သေချာဂရုစိုက်ခဲ့ပါတယ် အထဲမှာ​ဒေါက်တာသက်နိူင်လဲကြည့်​ပေး​နေတယ်'

သခင်​ခေါင်းညိမ့်လိုက်ပြီး သဘာဝ​လေ​ပြည်​တွေနဲ့ ​အေးချမ်း​နေသည့်ခြံဝန်းကျယ်ကြီးကို​ဝေ့ကြည့်လိုက်ကာ သူပျဥ်​ထောင်အိမ်​လေးဆီ ​လျှောက်လာခဲ့​တော့သည်.......။

မုဒြာတစ်​ယောက် ​ရှေ့က​နေသွား​နေသည့်အန်တီကြီး​နောက်က​နေအသာလိုက်လာခဲ့ရင်း အ​ရှေ့ဘက်ခြမ်းထွက်​ပေါက်တံခါးမကြီးက​နေထွက်ကာ ​ဟိုဘက်နဲ့ဒီဘက်ကူးသည့်​လျှောက်လမ်းကြား​လေးက​နေဖြတ်အပြီး​နောက်ထပ်တစ်ခါတံခါးမကြီးတစ်ခုကိုဖြတ်​ကျော်ပြီးခုနကထက်ခမ်းနားထည်ဝါတဲ့အပြင်ဆင်နဲ့အိမ်အတွင်းထဲ​ရောက်လာပြန်သည်၊
ကြီးမားလှပတဲ့​ရွှေဝါ​ရောင်မီးဆိုင်း​တွေချိတ်ဆွဲကာ နံရံတိုင်းမှာအသက်ဝင်လှတဲ့​ရှုခင်းပုံ ပန်းချီကား​တွေက​နေရာယူထား​လေသည်၊​ပြီး​တော့မြန်မာမူလက်ရာ ယွန်းထည်​တွေ ​ကြွေအိုး​တွေကိုလဲ လှပစွာ​နေရာချထားသည်၊
ချော​မွေ့​ပြေပြစ်တဲ့​ကြွေပြားတွေခင်းကျင်းထားသည့်ကြမ်းပြင်ဟာလဲ တကယ်ကိုလှပသည်၊အကုန်လုံးကိုကြည့်ခြင်းအားဖြင့် ဒီ​နေရာရဲ့ပိုင်ရှင်ဟာမည်မျှချမ်းသာသလဲ ​တွေးကြည့်ဖို့ပင်မရနိူင်၊
မုဒြာ ကိုယ်​ခြေချ​လျှောက်လမ်း​နေရတာကိုပင် အသဲယား​နေရသည်၊သူမဘဝမှာခုလိုချမ်းသာကြွယ်ဝမူမျိုး ​တွေ့ကြုံဖူးသည်မှမဟုတ်ဘဲ​လေ၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Unde poveștirile trăiesc. Descoperă acum