Part-1

10.1K 506 22
                                    


(Unicode)

ကောင်းကင်ယံထက်အဖြူရောင်တိမ်စိုင်ငယ်လေးပမာ ဖြူစင်လွန်းသည့်ဦးငယ်။
ထိုအဖြူရောင် တိမ်စိုင်ငယ်လေးကိုမှ ဖမ်းဆုပ်ကာအရောင်စုံခြယ်သခွင့်ရှိလေမလား။
____________

လှိုင်းလုံးလေးတွေက ကမ်းစပ်ရဲ့ ခရီးသည်လေးပင်။
ထိခတ်ကာရိုက်ခတ်သွားပေမဲ့ ပြန်လည်ဆုတ်ခွာသွားတတ်ကြသည်။
လောကကြီးထဲက လူသားလေးတွေသည်လည်း
အချစ်ရဲ့ ကျေးကျွန်လေးတွေဖြစ်ကြသလို
ခနတာသာ။

ပွယောင်းယောင်း ဆံနွယ်လေးတွေကို လက်သွယ်သွယ်လေးတို့ကာ ထပ်ကာထိုးဖွလိုက်လေသည်။
တိုက်တေနီယန်မျက်မှန်လေးကို လက်နဲ့တစ်ချက်တွန်းတင်လိုက်လေသည်။
မလိုမကျစွာ မျက်ခုံးလေးကို တွန့်ချိုးလိုက်တော့
ထိလုစဲ မျက်ခုံးလှလှလေးတွေ။
ရှပ်အင်္ကျီဖြူဖြူဖွေးဖွေးလေးကိုမှစတိုင်ပန်အသားရောင်ခပ်ပွပွလေးနှင့်အတူ ဝတ်ဆင်ထားသည်။
ခန့်ညားမှုနှင့်အတူလှပခြင်းဆိုတာပါတစ်နေရာတည်း စုံစည်းနေစေသည်ပင်။

လက်ပ်တော့တစ်ခုဖြင့် စာရိုက်လိုက် ပြန်ဖျက်လိုက်လုပ်နေလေသည်။
စိတ်တွေကစုစည်းလို့မရတာပင်။

" ဦးငယ်!..."

အိမ်ထဲကို ဒုန်းဆိုင်ဝင်လာလေသည်။
သူ့ရဲ့အသံလေးက တစ်အိမ်လုံးကြားနေသည်။
နောက်တော့ အသံတွေနဲ့အတူ ခြေသံတွေကပါ
မီးဖိုခန်းအနား နီးကပ်လာနေပြီ။

ထင်တဲ့အတိုင်းပင်။သူ့အရှေ့ရောက်လာလေသည်။

" ဦးငယ်!...ဒါက ဘာသဘောလဲ..."

လက်ထဲမှ မင်္ဂလာဖိတ်စာလေးကို ကိုင်ထားလေသည်။

" ဘာဖြစ်လာတာလဲ..."

"ဒါကဘာလဲ! ..."

စားပွဲပေါ် ပစ်ကာတင်ပေးလေသည်။
မျက်မှန်လေးချွတ်ကာကြည့်လိုက်မိတော့
စားပွဲပေါ်မှ ဖိတ်စာလေး။သူပြုံးလိုက်လေသည်။
ဒါကြောင့်ဒီကလေးဒေါသတွေထွက်နေရတာလား။

" အဲ့တာက ဖိတ်စာလေ..."

" သိတယ်လေ... ဦးငယ် မင်္ဂလာဆောင်တော့
မှာ ကျနော့်ကို မပြောဘဲနဲ့ပေါ့..."

" ဒါကို ဘယ်ကရလာတာလဲ..."

ဒေါသတွေဖြစ်နေသည့် ထိုကလေးငယ်။
ဒူးထောက်ထိုင်ချလိုက်ကာ သူ့ခါးကိုဖက်ထားတော့လေသည်။တကယ့်ကို အချွဲလေးပင်။

ဦးငယ်~(Completed)Where stories live. Discover now