Part-13

3.8K 300 56
                                    

(Unicode)

မျက်ရည်စက်တွေကိုတော့ မုန်းတယ်။စိတ်ပျက်စရာမို့လို့လေ။ပျော့ညံ့နေတဲ့ လူညံ့တစ်ယောက်လိုအမြဲပြုမူနေပါ။ဒါမှ စိတ်ဝိညာဥ်ကိုစားသုံးဖို့လွယ်ကူနေမည်။

__________________

မနက်စောစော ကုမ္ပဏီသွားရန်ပြင်ဆင်နေသည့် Taehyung မျက်နှာလေးက ညိုးနွမ်းနေသည်။

အဝတ်အစားလဲကာပြင်ဆင်နေတုန်းအခန်းတံခါးလက်ကိုင်ကိုဆွဲလှည့်လိုက်သည့်အသံ။

လှည့်ကြည့်မိတော့...

" ဦးငယ်..."

ရင်ထဲကနှလုံးသားကို လှုပ်ခတ်စေတဲ့ အသံချိုချိုလေး။

ပျော်ရွှင်မှုက အတိုင်းမသိအောင်ကိုပင်။

" မောင်..."

အပြေးလေးသွားကာဖက်ထားမိသည်။
တစ်ညလုံးစိတ်ပူနေခဲ့တာ။

" မောင်...အဆင်ပြေရဲ့လား...မနေ့ညက ဘာလို့ပြန်မလာတာလဲ...ဦးငယ်အရမ်းစိတ်ပူနေခဲ့တာ...ဖုန်းဆက်တော့လည်း မကိုင်...မက်ဆေ့ချ်တွေ ပို့လည်း စာမပြန်...မောင်ရယ်... ဘယ်တွေသွားနေတာလဲ..."

" မောင်အလုပ်တွေများနေလို့ပါ ဦးငယ်...အခုတောင် မနည်းပြန်လာရတာ...တစ်ညလုံးလည်း မအိပ်ရသေးဘူး..."

Jungkook တဝါးဝါးသန်းကာ အပေါ်ဝတ်အင်္ကျီကိုချွတ်နေသည်။
သူတမင်ဟန်ဆောင်နေတာပင်။

" ပေး..ပေး...ဦးငယ် တစ်ခါတည်း လျော်လိုက်မယ်..."

အင်္ကျီလေးကိုယူရင်း...

"မောင်ရေချိုးပြီးနားတော့နော်...ဒီနေ့ဘယ်မှသွားစရာမရှိဘူးဆိုရင် အိမ်မှာပဲ အိပ်ရေးဝဝအိပ်ပြီး အနားယူလိုက်နော်မောင်..."

" အင်း..."

" ဒါနဲ့လေမောင်...မနေ့ကဘာနေ့လဲဆိုတာမှတ်မိလား..."

" ဘာနေ့လဲ..."

ထင်တဲ့အတိုင်းပင်။သေချာအောင်ပြန်မေးခဲ့ပေမဲ့ မောင်ကလုံးဝမေ့နေခဲ့သည်။
အလုပ်တွေများနေလည်း အကျိုးအကြောင်းလေးတော့ ဖုန်းဆက်ပြီးပြောသင့်တာ။

အခုတော့ လုံးဝကိုသတိမရတဲ့မောင့်ကြောင့်
ဦးငယ် နာကျင်ရပြန်တယ်။

ဦးငယ်~(Completed)Where stories live. Discover now