Part-21

4.4K 300 32
                                    

(Unicode)

ချစ်ခြင်းကဘာလဲလို့မေးရင်
မောင့်ချစ်ခြင်းက ထာဝရ ဦးငယ်သာ။
အဆုံးထိ ဖမ်းဆုပ်ထားခွင့်ပြုပါ။
နာကျင်ရလည်း အဆင်ပြေတယ်။
မမုန်းလိုက်ပါနဲ့။ချစ်နေပေးပါ။
တောင်းဆိုချက်လေးသာ။

_____________________

Jungkook Taehyung ရင်ခွင်ထဲအိပ်ပျော်နေလေသည်။ခါးကိုတင်းကျပ်စွာဖက်ထားတုန်းပင်။

နည်းနည်းလေးမှလှုပ်လို့မရခဲ့။ခါးကိုသာပိုတိုးလို့ဖက်ထားလေသည်။

မျက်ရည်စတွေနဲ့မျက်ဝန်းလေးက လှုပ်ရှားခြင်းမရှိ။မျက်ဝန်းသေလေးဖြစ်လို့နေသည်။

ရင်ခွင်ထဲမှာတိုးဝင်ပြီးအိပ်နေတဲ့မောင်။
သူအမြဲသူ့စိတ်စေရာကိုသာဦးစားပေးတတ်လေသည်။အခုလည်း ကျနော့်ကိုယ်ခန္ဓာကိုရယူခဲ့ပြန်သည်။

ဆံနွယ်ကစိုစိစိနှင့်စေးကပ်ကပ် သွေးတွေကခြောက်ခါနီးစဲစဲပင်ဖြစ်နေသည်။
ပခုံးမှ ဒဏ်ရာတွေကလည်း သွေးတွေစို့နေသည်။

" မုန်းတယ်..."

Jungkook ပခုံးကိုအားနဲ့ဖိလိုက်တော့ ဒဏ်ရာတွေကြောင့် နာကျင်သွားဟန်။
ဖြေလျော့သွားသည့် လက်လေးတွေကြောင့်
Taehyung ရုန်းထွက်နိုင်ခဲ့သည်။

အဝတ်အစားကိုအမြန်ကောက်ဝတ်လိုက်တော့...

"ဦးငယ်...ဦးငယ်..."

" လွှတ်!...ငါ့ကိုထပ်မထိနဲ့!..."

ကျနော် ဦးငယ်လက်ကိုဆွဲထားမိတယ်။
ထားသွားတော့မှာ။အခုတကယ်ထားသွားတော့
မှာ။
မုန်းတီးနေတဲ့မျက်ဝန်းတွေကြောင့် ရင်တွေကွဲရချည်းရဲ့ ဦးငယ်။

" Jeon Jungkook!...ငါ့လက်ကိုအခု လွတ်!..."

" စွန့်မပစ်လိုက်ပါနဲ့ ဦးငယ်ရယ်...မောင်ကို ထားမသွားပါနဲ့...မောင်ကို တစ်ယောက်တည်းထားမသွားပါနဲ့...မောင်...မောင်လေ...အကုန်အစကနေပြန်ပြင်ပါ့မယ်..."

" ပြီးသွားပြီ...အဆုံးသတ်ခဲ့ပြီ...ငါမင်းနဲ့
ဘာဆက်နွယ်ချက်မှ မရှိတော့ဘူး!...မင်းကို ငါ့ဘဝထဲက အပြီးတိုင် စွန့်ပစ်လိုက်ပြီ!!..."

Taehyung သူ့လက်သကြွယ်မှလက်ထပ်လက်စွပ်ကိုချွတ်ပစ်ရင်း အားဖြင့် ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။

ဦးငယ်~(Completed)Where stories live. Discover now