Part-14

3.8K 285 103
                                    

(Unicode)

နာကျင်မှုဆိုတာကို အသားကျအောင်လေ့ကျင်ထား။နှလုံးသားကတော့ အမြဲချစ်နေအောင် လေ့ကျင်နေပါ။
မုန်းခွင့်မရှိ။ချစ်ခြင်းနဲ့ပဲရှင်သန်ရမယ်။
နှင်းဆီငယ်ရဲ့ပွင့်ချပ်တစ်ခုချင်းစီကို မောင်ပိုင်တယ်။
တစ်ချပ်ချင်း ဆွဲခွာရင်တောင် အော်ငိုခွင့်မရှိ။
နာကျင်နေရင်လည်း မျက်နှာပေါ်အပြုံးမပျက်မိစေနဲ့။

________________________

ပူခနဲဖြစ်သွားရသည့် ပါးပြင်လေး။
အနောက်ကိုယိုင်ကျသွားသည်။
Taehyung ကြမ်းပြင်ပေါ်ခွေခနဲပြုတ်ကျသွားသည်။

အရိုက်ခံရသည့် ပါးပြင်လေးကို ထိကိုင်ကာ
မယုံနိုင်အောင်ဖြစ်နေရသည်။

မောင် ကျနော့်ကိုရိုက်တယ်။
ကျနော့်နာမည်ကိုတပ်ပြီး ဘဝမှပထမဦးဆုံးမောင်ခေါ်ခဲ့တာ။
ရင်ဘတ်ထဲက ဒဏ်ရာမရှိဘဲနဲ့စူးအောင့်လာရသည်။

အသားကမနာကျင်ဘဲ ဘာလို့နှလုံးသားလေးကနာကျင်နေရတာလဲ။

မနည်းထိန်းချုပ်ထားသည့် မျက်ရည်တွေကျ အလိုလိုကျဆင်းရသည်။

နာကျင်တယ်။အရမ်းကိုနာကျင်ရတယ်။

Jungkook ကိုမော့ကြည့်လာကာ...

" အထိနာသွားတာလား မောင်...အရမ်းတွေဒေါသထွက်နေပြီပေါ့...ဘာလဲ အဲ့ကောင်မက
မောင့်ကို ဘယ်လောက်ထိစွမ်းဆောင်ပေးနေလို့
အခုလို ဦးငယ်ကို လက်ပါပါရတာလဲ!..."

" တောက်ခ်!..."

" အ့...လွှတ်!...လွှတ်စမ်း! ..."

မောင် ဒူးထောက်ကာထိုင်ချရင်း ကျနော့်ဆံပင်ကို ဆွဲကိုင်ထားသည်။

" ဘယ်သူ့ကို ကောင်မလို့ပြောနေရတာလဲ!...
ထင်ချင်ရာထင်ပြီး မစွပ်စွဲနဲ့!..."

" စွပ်စွဲနေတာမှမဟုတ်ဘဲ...အမှန်တရားက မျက်စိရှေ့မှာတွေ့ရလို့ ပြောနေတာ...မောင်အရင်လို အချိုးမျိုး ထပ်မချိုးမိစေနဲ့..."

" အဟက်...Jeon Taehyung မောင့်ကိုအခု ဘယ်လိုအကြည့်တွေနဲ့ကြည့်နေတာလဲ..."

Taehyung Jungkook ကိုစူးရှသည့်အကြည့်တွေဖြင့် တရားခံတစ်ယောက်ကို ကြည့််သည့်အကြည့်ဖြင့်ကြည့်လေတော့ ဆွေ့ဆွေ့ခုန်ချင်နေသည်။

ဦးငယ်~(Completed)Where stories live. Discover now