Part-36

4K 288 46
                                    

(Unicode)

အချစ်တွေကနေ အမုန်းတွေစီကူး​ပြောင်းသွားခဲ့ရပြီ။ခက်ခဲကြမ်းတမ်းလွန်းတဲ့ ကံတရား။
ချစ်နေလျက်နဲ့ဝေးရသူတွေလည်းရှိခဲ့သလို။
မုန်းနေလျက်နဲ့အတူနေခွင့်ရသူတွေလည်းရှိကြသည်။
မတည်မြဲတဲ့ဒီလောကကြီးထဲ နှင်းဆီငယ်လေးကိုချစ်တဲ့အချစ်တွေကတော့တည်မြဲနေစဲပါ။
မောင်ချစ်တဲ့ ပန်းကလေးနာမည်က နှင်းဆီတဲ့။

_____________

မွေးစားမိဘတွေရဲ့ သေတမ်းစာအရ ရှယ်ယာအချို့နှင့်အတူအိမ်ကြီးရဲ့ပိုင်ဆိုင်မှုကို Taehyung နာမည်နဲ့လွှဲပြောင်းပေး
ထားခဲ့သည်။
Jungkook ကိုတော့ ကုမ္ပဏီနှင့်အခြားပိုင်ဆိုင်မှုတွေကို လွှဲပေးထားလေသည်။
မိသားစုရှေ့နေ့မှ Taehyung ကိုလွှဲပြောင်းပေးကြောင်း လက်မှတ်ထိုးစေခဲ့သည်။

နေ့တိုင်းမနက်ကတည်းကအပြင်ကိုထွက်ထွက်သွားတတ်သည့်အပြင် ညလယ်ခေါင်ကျမှပြန်လာတတ်တော့သည်။
ကျနော့်အနားလုံးဝလည်း မလာတော့သလို
ဦးငယ်အရမ်းပြောင်းလဲသွားသည်။
စကားလည်း လိုအပ်မှသာပြောသည်။
Yoongi နဲ့သွားတွေ့ပြီးပြန်လာကတည်းက
ဘာလိုဖြစ်သွားမှန်းကိုမသိချေ။

အပြင်သွားမယ်ဆိုလည်း ငါသွားပြီဆိုတာသာပြောသည်။ဘယ်ကိုသွားတယ်ဆိုတာကိုမပြော။
ဖုန်းခေါ်ရင်လည်း မကိုင်။
ညမိုးချုပ်မှပြန်လာတတ်တော့ ကျနော်စိတ်ပူရသည်။
နေကောင်းခါစပဲရှိနေသေးသည်ကို အခုလိုတွေနေနေတာကိုတော့ ကျနော်စိတ်ထဲဘဝင်မကျချေ။
ဦးငယ်က အပြင်သွားရုံတင်မဟုတ်။
အရက်တွေပါသောက်တတ်လာတော့ ရတက်မအေးရ။

ကားကိုကိုယ်တိုင်မောင်းသည့်အပြင် အခုဆို ဦးငယ်မှာ ကလပ်ကသူငယ်ချင်းတွေပါရနေပြီလေ။

ကျနော်ဦးငယ် သူငယ်ချင်းရတာကိုတော့ကြိုက်ပါသည်။
ဒါပေမဲ့ ကလပ်ကဆိုတော့ စိတ်ပူပြန်သည်။

စာကြည့်ခန်းထဲ စာရင်းတွေစစ်နေသည့်
Jungkook လက်ပတ်နာရီလေးတစ်ကြည့်ကြည့်နှင့်ပင်။

ဆယ်တစ်နာရီရှိနေပြီ ဦးငယ်ပြန်မလာသေး။
ဒီနေ့လည်း နောက်ကျအုံးမယ်ထင်တယ်။

ခြံထဲကားဝင်သံကြားတော့ Jungkook မျက်နှာလေးက ပြုံးသွားကာစာကြည့်ခန်းထဲကနေအမြန်ပြေးထွက်လေသည်။

ဦးငယ်~(Completed)Where stories live. Discover now