Part-3

4.9K 406 12
                                    

(Unicode)

ရင်ခုန်တက်ခါစအရွယ်ကောင်လေးတစ်ယောက် အဖြူရောင်နှင်းဆီပွင့်လေးအစား အနီရောင်နှင်းဆီပွင့်လေးကိုသာ ရယူချင်လာတော့သည်။ချစ်ခြင်းရဲ့အနီရောင်သင်္ကေတ။ကျနော့်ရဲ့ နှင်းဆီပွင့်လေးရယ်။ နမ်းရှိုက်ခွင့်ရှိလေမလား။

_________________

သပ်ရပ်စွာဝတ်ဆင်ထားသည့် အနောက်တိုင်းဝတ်စုံလေး။ကြယ်သီးလေးကိုတစ်လုံးဖြုတ်ထားတော့ပေါ်လွင်လာသည့် လည်ပင်းမှ အညိုကွက်လေးရယ်။

ထိကိုင်လိုက်တော့ ညကအဖြစ်အပျက်တွေက ခေါင်းထဲဝင်လာခဲ့တော့သည်။
မဖြစ်သင့်တာတွေဖြစ်တော့မလို့ပင်။

Taehyung ရှပ်အင်္ကျီလေးရဲ့ကြယ်သီးကိုဖြုတ်
မနေတော့ဘဲ ပြန်တပ်ထားလိုက်တော့သည်။
ကြင်ယာဖက်တွေ့မည်ဖြစ်တာကြောင့်အကောင်းဆုံးပြင်ဆင်နေသည်။

အခန်းထဲမှထွက်လာရင်း ထမင်းစားခန်းထဲမှ
မွေးစားမိဘတွေကို နှုတ်ဆက်လိုက်လေသည်။
သူ့ကို ကြည့်နေလေသည့်မျက်ဝန်းတွေကို လစ်လျူရှူ့တော့ ထိုမျက်ဝန်းတွေကဝမ်းနည်းသွားဟန်။

" ကျနော် အလုပ်သွားတော့မယ်..."

" မနက်စာစားသွားလေ ဦးငယ်..."

ကျနော့်ရဲ့စကားသံတွေမဆုံးခင်မှာပင် ဦးငယ်ထွက်သွားလေသည်။
အနောက်ကနေပြေးလိုက်လို့လည်း မဖြစ်။
မနေ့ညက အကြောင်းတွေကို မိဘတွေကသိတာမှမဟုတ်။
ဦးငယ် ကျနော့်ကိုစိတ်ဆိုးနေလေပြီ။

မျက်နှာကိုတောင်တစ်ချက်မကြည့်ဘဲ အလုပ်သွားလေတယ်။အရင်တုန်းကဆို မောင်ရေဆိုပြီး
ကျနော်ပါးပြင်လေးကို နမ်းပြီးမှ အပြင်ထွက်လေ့ရှိသည်။အခုတော့ ကျနော်ကြမ်းတမ်းမိလို့အကုန်ပြောင်းလဲကုန်ချေပြီ။

အလုပ်ကနေ ဦးငယ်ပြန်လာရင်ချော့ရမယ်။
တောင်းပန်ရမယ်။
အရင်လိုပြန်နေကြမည်။အတူတူရယ်မောရင်းပေါ့။
ဦးငယ်စိတ်ဆိုးပြေမှမောင့်ကိုချစ်လာဖို့အတွက်ကြိုးပမ်းမည်။

ဒီလူကနှင်းဆီဖြူလေး မျက်နှာညိုးတာနဲ့ နေမရတဲ့သူပါ။ရင်ထဲက မီးတောက်တွေကိုတော့ နှင်းဆီဖြူလေးကတော့သိမည်မဟုတ်။

ဦးငယ်~(Completed)Where stories live. Discover now