Part-33

3.5K 287 56
                                    

(Unicode)

အထိအတွေ့လေးတစ်ခုကတောင် မောင့်အသည်းကိုခြွေသွားလေတယ်။
စာတွေဖွဲ့လို့ မနူးညံ့တတ်။
အကြမ်းအတမ်းပြုမူခဲ့မိတာက စွန့်ပစ်ခံရမှာကိုကြောက်နေခဲ့လို့ပါ။
မောင်ဦးငယ်ကိုချစ်လွန်းလို့ ပိုင်ဆိုင်ချင်ရုံသာ။
___________________

နှစ်လကြာမြင့်လေခဲ့ပြီ။
ထိုအချိန်ကာလတစ်ခုအတွင်းမှာပဲ Taehyung
သူနာပြုတစ်ဦးကိုသာ သူ့အခန်းထဲဝင်ခွင့်ပြုသည်။လိုအပ်သည့်ကိစ္စအရပ်ရပ်ကိုလည်း သူနာပြုဆရာမလေးကိုသာပြောသည်။

Jungkook နှင့်မျက်နှာချင်းလည်းမဆိုင်သလို
စကားလည်း မပြောဖြစ်ကြချေ။

ဦးငယ်​စီကနေ ကျနော်အမြဲလစ်လျူ့ရှူ့ခံရတော့သည်။
ကုမ္ပဏီကပြန်လာရင်လည်း ဦးငယ်ကအခန်းထဲအိပ်ပျော်နေလေပြီ။
ကျနော်ပြန်လာတဲ့အချိန်ကလည်း နောက်ကျနေလို့ထင်ပါတယ်။

ဦးငယ်လည်း ပင်ပန်းနေရောပေါ့။ဆေးတွေပဲသောက်ပြီးနှစ်လနီးပါး တနေကုန်အိမ်ထဲ သူနာပြုပြောသည့် လေ့ကျင့်ခန်းလေးသာ လုပ်ပြီးနေနေရတာဆိုတော့ ပျင်းလည်းပျင်းနေမှာ။

အခန်းတံခါးလေးကိုတွန်းဖွင့်ကြည့်လေသည်။
ညအိပ်မီးလုံးလေးကလွှဲလို့မီးတွေအကုန်ပိတ်ထားသည်။

Jungkook ယိမ်းယိုင်နေသည့်ခြေလှမ်းတွေဖြင့်
အခန်းလေးထဲခြေသံလုံလုံဖြင့်ခိုးဝင်သွားလေသည်။

အိပ်ပျော်နေပြီဖြစ်တဲ့ Taehyung ကုတင်လေးပေါ်ထိုင်လိုက်လိုက်သည်။

ဦးငယ်တော်တော်လေးကိုပိန်သွားလေသည်။
မျက်နှာလေးက ညိုးနွမ်းနေသည်။
အိပ်နေတာတောင် မောင်နဲ့အတူနေနေရတာ ဦးငယ်မပျော်ရွှင်ဘူးဆိုတာကိုခံစားမိတယ်။

ရင်ခွင်ငယ်လေးရယ်။ခနတာလေးဖြစ်ဖြစ်ခိုနားချင်သည်။
မောင်အရမ်းပင်ပန်းနေသလိုပဲ ဦးငယ်။
တစ်ယောက်တည်း ဖြစ်နေခဲ့တာကို ဦးငယ်မသိလေသလား။ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေခဲ့လေသလား။

မောင်ဒီနေ့အရက်တွေသောက်လာမိတယ်ဦးငယ်။ပင်ပန်းနေလို့ပါ။
မောင်လေ Appa နဲ့ Omma ကိုအရမ်းသတိရနေတာ။ရင်ထဲအရမ်းနေရခက်နေတယ်။

ဦးငယ်~(Completed)Where stories live. Discover now