Part-42

5K 284 36
                                    

(Unicode)

မျက်မှန်လေးပင့်တင်လိုက်တိုင်း ရင်ခုန်ရတယ်။
မျက်မှန်လေးကို ကျော်ပြီး ကြည့်တတ်တဲ့ မျက်ဝန်းတွေကြောင့် ရူးရချည်ရဲ့။
မောင့်ရဲ့ကမ္ဘာက မျက်မှန်လေးနဲ့ပါ။

______________________

လအနည်းငယ်ကြာပြီးသော်....

အခြေအနေတွေက အရင်လိုပြန်မဖြစ်နိုင်တော့ပေမဲ့ Taehyung Jungkook အတွက်သာ အသက်ရှင်နေပေးတော့သည်။

နောင်တတွေကို ထွေးပိုက်ရင်းသာ။
ကျနော်သာမောင့်ဘဝထဲမဝင်လာမိဘူးဆိုရင်
မောင်လည်း အခုချိန်ဆို ကျနော်မဟုတ်တဲ့တခြားသူလက်ထဲပျော်ရွှင်တဲ့မိသားစုဘဝလေးရနိုင်နေမှာ။

အခုကျတော့ မောင်က သူ့ကိုအချစ်တွေပြန်မပေးနိုင်တဲ့သူနဲ့သာတစ်သက်လုံးနေသွားရတော့မည်။

အမြင်အာရုံတွေပြန်ရခဲ့ပြီဖြစ်တဲ့ Jungkook မှာတော့ Taehyung ကိုသာတနေ့တနေ့မရိုးနိုင်အောင်ချစ်နေလေသည်။

အပန်းဖြေပန်းခြံလေးတစ်ခုသို့သူတို့နှစ်ဦး ရောက်နေခဲ့သည်။

အိမ်မှာချည်းနေနေရတာ မောင့်အတွက်မကောင်းဘူးထင်တာကြောင့် အပြင်ထွက်ပြီးလေကောင်း
လေသန့်ရှူဖိူ့အတွက်ခေါ်လာခဲ့သည်။
အလုပ်တွေလည်း မောင့်ကိုပေးမလုပ်ချင်သေး။
မျက်ကြည်လွှာအစားထိုးထားတာဆိုတော့
အာရုံအရမ်းစိုက်ခိုင်းစေလို့ မဖြစ်ဘူးလေ။

ကျနော့်ပေါင်ပေါ်လှဲအိပ်နေသည့် မောင်။
ကျနော့်မျက်နှာကိုသာ ကြည့်နေလေသည်။

မျက်မှန်လေးကိုဆွဲချွတ်ကာ...

" မောင့်ရဲ့ကမ္ဘာလေးကဘယ်လိုလဲသိလား ဦးငယ်..."

" ဟင့်အင်း...မသိဘူးလေ...ဘယ်လိုမျိုးလဲမောင်..."

" မောင့်ကမ္ဘာက မျက်မှန်လေးနဲ့လေ..."

" စကားတွေတတ်နေတယ်ပေါ့..."

"ဦးငယ်ကြောင့်လေ...ဦးငယ်ရဲ့အလှတရားတွေက ဘယ်လိုပဲနေနေ အမြဲတမ်းပေါ်လွင်နေတော့
မောင်ကလည်းကြာရင် ကဗျာဆရာဖြစ်တော့မယ်ထင်ပါရဲ့..."

" မောင်ကလည်း တနေ့ထက်တနေ့အရမ်းတွေခန့်ပြီး ချောလာတော့ ဦးငယ်မနာလိုဖြစ်ရတယ်သိလား..."

ဦးငယ်~(Completed)Where stories live. Discover now