Part-12

3.8K 312 54
                                    

(Unicode)

အနိုင်ပေးလို့အနိုင်ယူချင်တာ ဆန်းသလား။
နင်းချေခွင့်ပေးလို့ နင်းချေတာ။
နမ်းရှိုက်ခွင့်ပေးလို့ နမ်းရှိုက်တာ။
ခြေဖဝါးအောက်မှ အချစ်ခံသတ္တဝါလေး။
ချစ်လွန်းလို့ အနိုင်ယူချင်ခဲ့တာ။
တသက်လုံးမောင့်ရဲ့အချစ်ကျေးကျွန်လေးဖြစ်နေစမ်းပါ။

_______________________

Taehyungအခန်းတံခါးရှေ့ကြမ်းပြင်လေးပေါ် ခွေခွေလေးအိပ်ပျော်နေသည်။
Jungkook တံခါးကိုအထဲကနေလော့ခ်ချထားတာကြောင့်သူတစ်ညလုံး အခန်းအပြင်လေးတွင်အိပ်ပျော်နေခဲ့သည်။
တစ်ညလုံးမောင်ဆိုသည့်နာမ်စားလေးကို
ယောင်ယမ်းရင်း ငိုနေသေးတာပင်။

လေချွန်သံလေးနဲ့အတူ အခန်းတံခါးလေးကပွင့်လာခဲ့သည်။

" မောင်..."

ခြေသံလေးကြားတာနဲ့ချင်ချင်းပင်ခေါင်းလေးထောင်လာကာ ထထိုင်သည်။

သူ့ကို လက်ပိုက်ကြည့်နေသည်။
နောက်တော့ သက်ပြင်းချသံနဲ့အတူ ဒူးတစ်ဖက်​ထောက်ကာထိုင်ချသည်။

မျက်နှာငယ်လေးကိုထိကိုင်လိုက်တော့
တစ်ခုခုပြောဖို့ဟန်ပြင်နေသည့် နှုတ်ခမ်းလေး။

မျက်လုံးလေးက ဖောင်းအစ်နေသည်။
မျက်ခမ်းစပ်နဲ့နားခေါင်းထိပ်လေးကလည်း နီရဲနေသည်။

" တစ်ညလုံးငိုနေတာမလား...ဦးငယ်ရဲ့ရှိုက်သံက
အခန်းထဲထိကြားနေရတယ်..."

Taehyungဘာမှပြန်မပြောမိ Jungkook မျက်နှာလေးကိုသာ ကြည့်နေသည်။

ကျနော့်ကိုယ်ခန္ဓာလေးကိုမောင် ထိကိုင်ကြည့်နေသည်။

" တစ်ကိုယ်လုံးအေးစက်နေတာပဲ...ဘာလို့အခန်းထဲဝင်မအိပ်ရတာလဲ!..."

ခန္ဓာကိုယ်လေးကအော်သံလေး​ကြောင့်တုန်တက်သွားသည်။

" ဟို...မောင်တံခါးလော့ခ်ချထားတာနဲ့...ဦးငယ်...
ဒီမှာပဲအိပ်ပျော်သွားတာ..."

" သော့အပိုရှိနေတာပဲ ဖွင့်ပြီးဝင်လာခဲ့လေ!..."

" သော့...သော့အပိုတွေကလည်း အခန်းထဲမှာလေ..."

" အထစ်ထစ်အငေါ့ငေါ့မလုပ်စမ်းနဲ့... စကားကိုသေချာရဲရဲပြောစမ်းပါ...လက်တွေလည်းရှိနေတာပဲ...စကားလည်းပြောတတ်နေတာလေ...တံခါးခေါက်ပြီး မောင်ရေ လို့ ခေါ်ရောပေါ့... "

ဦးငယ်~(Completed)Where stories live. Discover now