Part-34

3.7K 283 42
                                    

(Unicode)

' မောင် ' အပေါစားဆန်တဲ့နာမ်စားလေးဖြစ်ခဲ့ပြီ။
မြတ်နိုးခဲ့တဲ့ ထိုနာမ်စားလေးကအခုတော့
အမှိုက်စလိုပင်။
ကိုယ့်လက်ထဲက လုယူသွားနိုင်တဲ့ဘယ်သူမဆို ခေါ်နိုင်တဲ့ နာမ်စားလေးဖြစ်နေလေပြီ။
ချစ်ခြင်း၊မုန်းခြင်းသည်လည်း မခံစားရတော့ပေ။

__________________

မီးဖိုခန်းထဲ ကိုယ်တိုင်ချက်ပြုတ်နေသည်။
ပဲပင်ပေါက်ဟင်းရည်လေးကိုပြင်ဆင်နေတာပင်။
Jungkook အတွက် အမူးပြေဟင်းရည်လေးပေါ့။

ထမင်းဝိုင်းလေးကိုသေချာပြင်ဆင်ပြီး သူအေပ
ရွန်လေးကိုချွတ်ကာ အခန်းလေးစီသို့ဦးတည်သွားလိုက်သည်။

တံခါးကိုဖွင့်ကာဝင်သွားသည်။
အိပ်ယာလေးထဲ ကွေးကွေးလေးအိပ်ပျော်နေသေးသည့် သူ။

အကြာကြီးအိပ်နေရင် ခေါင်းကိုက်နေတော့မှာပဲ။

ကျနော့်ရင်ခွင်ထဲ တစ်ညလုံးငိုရင်း အိပ်ပျော်သွားခဲ့တယ်။

ဆံနွယ်လေးတွေကိုထိကိုင်ကာ...

" Jungkook ထတော့..."

တုပ်တုပ်ပင်မလှုပ်သေး။ဖြူစင်နေရဲ့နဲ့ ဘာလို့ ရူးမိုက်ခဲ့ရတာလဲ။မင်းကိုငါ အရမ်းချစ်ခဲ့တာလေ။
ငါဘာတွေများ အမှားလုပ်ခဲ့မိလို့ အပြင်မှာ ဖောက်ပြန်ရတာလဲကွာ။

Taehyung မျက်နှာထားခပ်တည်တည်ပင် Jungkook ခြုံထားသည့် စောင်ကို ဆွဲဖယ်လေသည်။

" ထတော့...ဘယ်အချိန်ထိအိပ်နေမှာလဲ..."

" အွန်း..."

ထသွားကာပြတင်းပေါက်လိုက်ကာကိုလည်း ဆွဲဖွင့်လေသည်။

" ဦးငယ်...အရင်နိုးနေတာလား..."

" အင်း..."

ကုတင်ပေါ် မျက်လုံးလေးပွတ်ကာ ထိုင်လေသည်။
ဆံနွယ်တွေလည်း အနည်းငယ်ပွယောင်းယောင်းဖြစ်နေသည်။

သူ့ကိုတစ်ချက်ကြည့်ကာ...

" ငါ့အခန်းထဲကနေ အမြန်ထွက်သွားတော့...
မင်းငါ့အခန်းထဲ အချိန်အကြာကြီး ရှိနေတာမကြိုက်ဘူး..."

" မောင်တောင်းပန်ပါတယ်...အခုထွက်သွားပါမယ်နော်..."

" သွား..."

ဦးငယ်~(Completed)Where stories live. Discover now