Part-26

4K 289 20
                                    

(Unicode)

ခနတာရူးမိုက်မိတာပါ။
ကောင်းကင်ယံက ကြယ်ပွင့်လေးတွေလည်း
မြေခရစမြဲပင်။
အဆုံးထိပြုတ်ကျခဲ့တာမို့ အထိနာလေတယ်။
မောင့်နှင်းဆီငယ်ရယ်။
ရင်ခွင်ငယ်လေးထဲ အိပ်စက်ပါရစေ။

_______________________

ဗိုက်ထဲမှ ချစ်ရသူရဲ့သွေးသားလေးလွယ်ထားရတဲ့ခံစားချက်။
မွေးလာမဲ့ကလေးလေးကလည်း Min လို့ပဲနူးညံ့ပြီး ကြင်နာယုယတတ်မှာ။

လက်ထပ်ပြီး ချက်ချင်းကိုယ်ဝန်ရတယ်ဆိုတာကြောင့် Taehyung အံ့သြနေခဲ့သည်။
သားအိမ်ပါလာမှန်းမသိတာကြောင့်သူမှာတားဆေးတွေပင်မသုံးလိုက်ရ။ယောက်ျားလေးတစ်ယောက်ဆိုပြီး ပေါ့ပေါ့ပါးပါး Yoongiနှင့်အတူ
နေခဲ့သည်။

ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းကိုကြားပြီချိန်မှာတော့ သူငိုလေသည်။ဝမ်းသာမျက်ရည်လေးပင်။

တဖြည်းဖြည်း လကြာလာသည်နှင့်အမျှ
ဗိုက်လေးကလည်းထွက်လာလေသည်။

ကျနော်ဖခင်တစ်ယောက်ရဲ့ခံစားချက်နဲ့အတူ
မိခင်တွေရဲ့ခံစားချက်ကိုပါခံစားမိသည်။

ကိုးလလုံး ကိုယ့်ဗိုက်လေးထဲ ကြီးထွားလာသည့်
ရင်သွေးလေးကို တွေးမိတိုင်း မျက်ရည်ကျမိသည်အထိကြည်နူးမိသည်။

" အသဲငယ်...အဆင်ပြေရဲ့လား..."

" ပြေပါတယ်Min...ခြေထောက်တွေရောင်နေတော့လမ်းလျှောက်ရခက်နေတာ တစ်ခုတည်းပါ..."

Taehyung ကိုယ်ဝန်ဆောင်တွေအတွက် ထုတ်ထားသည့် လမ်းညွှန်စာအုပ်လေးတွေကို စိတ်ဝင်တစားဖတ်နေသည်။

" ကိုယ်ဆေးလိမ်းပေးမယ်...ခြေထောက်ဆင်းထားလိုက်..."

" ရပါတယ် Min ရယ်...နားလိုက်ပါတော့...
တနေကုန်အလုပ်တွေလုပ်နေရတာနဲ့ ပင်ပန်းနေပြီမဟုတ်လား..."

Taehyung ပြောတာကိုပင်နားမထောင်ပြန် လိမ်းဆေးလေးယူကာ ခြေထောက်လေးနှစ်ဖက်ကိုသေချာလိမ်းပေးနေသည့် Yoongi...

" မပင်ပန်းပါဘူးဗျာ...ကိုယ်က Tae နဲ့ သားလေးအတွက်ဆို လုံးဝမပင်ပန်းပါဘူး..."

ကျနော့်ဗိုက်လေးကိုထိကိုင်ကာ ပြုံးရင်း ပြောလေသည်။
သားမွေးမယ်ဆိုတာချည်းပြောနေသည့် Min...

ဦးငယ်~(Completed)Where stories live. Discover now