Part-29

3.7K 280 38
                                    

(Unicode)

အချစ်ဇာတ်လမ်းတစ်ခုရဲ့အဆုံးသတ်မှာ ဗီလိန်တိုင်းကျဆုံးရတယ်။
ဒါပေမဲ့ ငြင်းဆန်ပါရစေ။
မောင်နဲ့ဦးငယ်ရဲ့ အချစ်ဇာတ်လမ်းလေးထဲမှာတော့ ဗီလိန်သာအနိုင်ရရမည်။
ဦးငယ်အတွက်ဆို လူတွေအားလုံးရဲ့အမုန်းခံပြီး
မောင်က ဗီလိန်ဖြစ်နေမှာပါ။
မောင့်အပိုင်နှင်းဆီငယ်လေးရယ်။ချစ်ခွင့်ပြန်ပေးလှည့်ပါကွာ။

___________________

သွေးတွေစွန်းနေသည့် ကိုယ်ခန္ဓာလေးကိုပွေ့ချီရင်း ဆေးရုံလျှောက်လမ်းထဲပြေးဝင်လာသည့်
သောကတွေနဲ့အတူ အချစ်ရဆုံးသူလေးအတွက်
စိုးရိမ်ကြောင့်ကြနေသည့် Jungkook...

" ကယ်ကြပါဗျာ...ဦးငယ်ကိုကယ်ပေးကြပါ..."

မျက်ရည်စက်လက်ဖြစ်နေသည်။

ဘယ်သွားလို့သွားရမှန်းဖြစ်နေသည့် သူ့ကို
သူနာပြုတွေ ဆရာဝန်တွေက တားရတော့သည်။

သတိမေ့မျောနေသည့် Taehyung ကို
ဆေးရုံကုတင်လေးပေါ်ပြောင်းရွေ့ကာတင်ရင်း
အရေးပေါ်ခန်းထဲခေါ်သွားလေသည်။

လက်သွယ်သွယ်လေးကိုဆုပ်ကိုင်ရင်း
ဘေးမှ ပြေးလိုက်နေသူ။

" ဦးငယ်...ဦးငယ်...ဘာမှမဖြစ်ဘူးနော်...
မောင်ရှိနေတယ်လေ..."

သူတစ်ယောက်တည်းပြောနေသည့် စကားလေကို Taehyung မကြားနိုင်ချေ။

လက်သွယ်သွယ်လေးကလည်း လွတ်သွားခဲ့သည်။

အရေးပေါ်ခန်းထဲ ရောက်သွားခဲ့သည့် ကိုယ်ခန္ဓာငယ်လေး။ဗိုက်ထဲက ကလေးလေးကတော့ အသက်ရှင်ချင်တာကြောင့် ရုန်းကန်လေသည်။

သွေးရူးသွေးတန်းနှင့် စိတ်မငြိမ်ဖြစ်နေသည့်
Jungkook မှာတော့ အရေးပေါ်ခန်းရှေ့တောက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။

ကျနော့်ရဲ့ဦးငယ်။ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့။
ကလေးလေးလည်း ဘာမှမဖြစ်ပါစေနဲ့ကွာ။
ကျနော့် ရင်ထဲမွန်းကြပ်တယ်ဆိုတာထက်ပိုနေခဲ့ပြီ။

ငါချစ်တဲ့သူရဲ့ သွေးသားတဲ့ အဲ့စကားကသာနားထဲ ပဲ့တင်ထပ်စေခဲ့သည်။

မောင်ကရော ဘယ်လိုဖြေသိမ့်ရမပါလဲ။
ဦးငယ်ရဲ့အချစ်ရဆုံးက မောင်ပါကွာ။
အခုဘယ်လိုတွေဖြစ်ကုန်ရတာလဲ။

ဦးငယ်~(Completed)Where stories live. Discover now