Part-6

4.5K 386 22
                                    

(Unicode)

နှင်းဆီငယ်လေးရယ်။ကြင်နာမိပါ၏။
မြတ်နိုးမိပါ၏။ ယုယမိပါ၏။ ကိုယ်တိုင်ပြုစုပျိုးထောင်ပါရစေ။
___________

မိသားစုတွေ့ဆုံပွဲလေး သီးသန့်စီစဥ်ထားခဲ့သည်။
ညစာစားဝိုင်းလေးရဲ့အလယ် အသံတစိုးတစေပင်မထွက်သေး။
စားစရာတွေက အစုံအလင် အရှေ့ကို ရောက်နေပေမဲ့ အမေဖြစ်သူ၏ စကားသံကို လုံးဝမကြားရသေးတာကြောင့်ငြိမ်နေကြသည်။

Mr.s Jeon မှ လက်ပိုက်ထားကာ သူ့မ၏သားဖြစ်သူ Jungkook နှင့် Taehyung ကိုကြည့်နေလေသည်မှာ နာရီဝက်နီးပါးရှိနေလေပြီ။
သို့သော်စကားတစ်ခွန်းမှမပြောသေး။

သူတို့နှစ်ယောက်၏ အနေအထားကို အကဲခတ်နေသည်။

Jungkookက အမေဖြစ်သူကြည့်နေသည်ကိုပင်
အလေးမထား Taehyung ဘက်သာလှည့်ရင်းလက်တစ်ဖက်ထောက်ကာ ခေါင်းစောင်းကာ
ကြည့်နေလေသည်။
ပိုဆိုးသည်က စားပွဲခုံအောက်မှ လက်လေးကိုခိုးကိုင်နေလေသည်လေ။

မောင်ရဲ့လက်တွေက ကျနော့်လက်ချောင်းတွေကိုဆော့ကစားက ထိတွေ့နေသည်။
ဒီလောက်မိဘတွေရှိနေတာတောင် အတင့်ရဲလွန်းနေသည်။
ဟိုတခါတုန်းကလို မိုးရေထဲနေချင်ပြန်ပြီနဲ့တူတယ်။

Taehyung ကို Mrs.Jeon ကြည့်ပြီးနောက်
သူမဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

အဲ့တာကတော့...

"လက်ထပ်လိုက်..."

ပီသစွာတစ်လုံးချင်းပင်။

ဒါကို Jungkook နေမရတော့ချေ။
Taehyung ကိုလက်ထပ်ခိုင်းနေပြန်ပြီလေ။

" Omma...လုပ်ပြန်ပြီလား...ဦးငယ်ကို ဘာလို့အတင်းလက်ထပ်ခိုင်းနေရတာလဲ...ကျနော့်ဦးငယ်က အ​ရုပ် မဟုတ်ဘူးလေ...Omma တို့စေခိုင်းတိုင်း ဦးငယ်က အလိုလိုက်အကြိုက်ဆောင်နေရမှာလား..."

သူမသားဖြစ်သူ၏ စကားကိုလစ်လျူရှု့လိုက်သည်။

အရှေ့တည့်တည့်တွင်ထိုင်နေသည့် Taehyung ကိုသာစိုက်ကြည့်ကာ...

" လက်ထပ်မယ်မဟုတ်လား..."

" Omma စကားကို ကျနော် ငြင်းဆန်ဖို့မရှိပါဘူး..."

" ငါသဘောတူတဲ့သူ ဘယ်သူနဲ့ဖြစ်ဖြစ် လက်ထပ်မယ်မလား..."

ထပ်မေးလိုက်တော့...

ဦးငယ်~(Completed)Where stories live. Discover now