Part-35

3.7K 280 54
                                    

(Unicode)

'ချစ်တယ်' အကြိမ်ကြိမ်ပြောနေလည်း ရင်မခုန်တော့ပေ။
ထိုစကားလုံးကြောင့် ဘဝတစ်ခုလုံး နင်းခြေခံရပြီး အညွှန့်ကျိုးခဲ့ရသည်။
တွေ့ရာလူကို ​​ပြောနိုင်တဲ့ စကားလုံးလေးနှစ်လုံးက အပေါစားဆန်တာထက် အောက်တန်းကျသည်။
မောင့်နှုတ်ခမ်းက 'ချစ်တယ်' ပြောတိုင်းနှင်းဆီငယ်လေးက လှောင်ရယ်မည်။

________________

Taehyung Yoongiကုမ္ပဏီကိုသွားခဲ့သည်။
သို့သော်သူနဲ့မတွေ့ခဲ့ရ။
အတွင်းရေးမှုးက သူဋ္ဌေးကုမ္ပဏီမလာတာ တစ်ပတ်ကျော်နေပြီဟုပြောလေသည်။
Min နေမကောင်းဖြစ်နေပြီလားဟု စိတ်ကပူရပြန်သည်။
ဒါကြောင့် Min နေတဲ့ကွန်ဒိုတိုက်ခန်းကိုသာလိုက်လာတော့သည်။

ဘဲလ်တီးသံအဆုံး ဖွင့်ဟလာသည့် တံခါးလေး။
Yoongi ကိုမြင်တာနှင့် Taehyung ​ပြေးဖက်လေသည်။

မျက်နှာလေးက ချောင်သွားတယ်။ပိန်လည်းပိန်သွားသည်။
Min ရယ် နေမကောင်းတော့မဖြစ်လိုက်ပါနဲ့။
အသဲငယ် ရူးမတတ်ခံစားရမှာမို့လို့ပါ။

" Min!..."

လွမ်းနေမိတာ။တကယ်ကို ထွေးပွေ့ချင်နေခဲ့တယ်။
သို့သော်သူ့ကိုပြန်ထွေးပွေ့ထားခြင်းမရှိ။
ထို့အပြင် ရင်ခွင်ထဲကနေ တွန်းထုတ်လေသည်။

" Min..."

ကြောင်အန်အန်လေးဖြစ်သွားရသည်။
Min ကျနော့်မျက်နှာကိုမကြည့်ဘဲရှောင်နေသည်။
ဘာဖြစ်သွားရတာလဲ။ကျနော်အမှားတွေလုပ်မိလို့လား။

" အသဲငယ်လေ Min...မျက်နှာလေးကိုတစ်ချက်ကြည့်ပေးပါအုံး...Min ချစ်မြတ်နိုးတဲ့အသဲငယ်လေ..."

" ပြန်တော့..."

ကျနော်ကမ္ဘာကြီးပြိုလဲကျသွားသည့်အလား။
အေးတိအေးစက်ဖြစ်နေတဲ့ Min...

" ဘယ်...ဘယ်လိုဖြစ်နေရတာလဲ Min...အသဲငယ်လေ...Min...ဘာလို့ အေးတိအေးစက်ကြီးဖြစ်နေရတာလဲ...အသဲငယ် Min ကိုလွမ်းလို့လာတွေ့တာလေ...ဘာလို့အဆုံးအစမရှိ ပြန်တော့လို့ မောင်းထုတ်နေရတာလဲ..."

" ပြန်ပါတော့...ကိုယ့်ကိုနောက်တခါလုံးဝလာမတွေ့ပါနဲ့တော့..."

"ခန...Min...Min..."

ကျနော့်ကိုတွန်းထုတ်ကာ တံခါးကိုပိတ်မလို့လုပ်နေသည်။
ထိုအချိန်အခန်းမှ အမျိုးသမီးတစ်ဦး၏အသံလေးကြားလိုက်ရသည်။

ဦးငယ်~(Completed)Where stories live. Discover now