Part-15

3.9K 293 58
                                    

(Unicode)

လက်ခုပ်ထဲက ရေ လား။
မဟုတ်သေးဘူး။လက်ခုပ်ထဲက တဒုတ်ဒုတ်ခုန်မြည်နေတဲ့ နှလုံးသားလေး။
မောင်စီက စွန့်ပစ်ခံရမှာကိုကြောက်ရွံ့ရင်း ရှင်သန်နေတဲ့ နှလုံးသားလေး။
စက္ကန့်ပိုင်းအတွင်း ကြေမွအက်ကွဲပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ပစ်နိုင်သည်။မောင့်အပိုင်ဖြစ်နေလို့လေ။

__________________________

စာကြည့်ခန်းလေးထဲ စာရင်းဇယားတွေတွက်ချက်နေသည်။ကုမ္ပဏီကိုလည်း မသွားဖြစ်သေး။
အကြီးအကျယ်စကားများပြီနောက်ပိုင်း
Jungkook Taehyung ကိုအိမ်ပြင်ပေးမထွက်။
သူ့အနားသာခေါ်ထားသည်။
သူသည်လည်း ဘယ်မှမသွားဘဲ အိမ်မှာတွင်းအောင်းနေသည်။

" ဦးငယ်!...ဦးငယ်!..."

မျက်မှန်လေး ပင့်တင်လိုက်ကာ နောက်ထပ်
စာရင်းတစ်ခုကိုစစ်မည်အလုပ် ခေါ်သံကြားလိုက်ရသည်။

" ဦးငယ်!...."

" လာပြီမောင်... "

အလုပ်တွေအကုန်ပစ်ချကာ ပျာရိပျာယာလေး အခန်းအပြင်ထွက်လိုက်တော့အဝတ်အစားတွေကိုင်ကာ ရပ်နေသည့် Jungkook...

" မောင် ဘာဖြစ်လို့လဲ..."

" ဦးငယ် ဘယ်လိုလုပ်လိုက်တာလဲ!...ကြည့်စမ်း!..."

အဝတ်အစား သုံးစုံကိုကြမ်းပေါ်ပစ်ချပေးသည်။
နာမည်ကြီးတံဆိပ်တွေချည်းသာ။

ကျနော့်ရှေ့မှ အဝတ်လေးတွေ။
မနေ့ကမှလျော်ထားတာလေ။
မောင်ဒေါသထွက်နေတယ်ဆိုတော့ဘာများဖြစ်လို့လဲ။

" ဘာဖြစ်လို့လဲ မောင်ရယ်..."

" ဒီအဝတ်အစားတွေကို ဦးငယ်လျော်စက်ထဲ
ထည့်လိုက်တာလား!..."

" ဟုတ်မယ်ထင်တယ်...မနေ့ကဦးငယ် အဝတ်လျော်ရင်း မောင့်အဝတ်အစားတွေကလည်းပုံနေတော့တခါတည်း လျော်လိုက်တာ..."

" အဲ့တာကြောင့် အဝတ်အစားတွေက အကုန်ပျက်စီးကုန်တာလေ!...ဒီအဝတ်တွေက စက်နဲ့လျော်လို့မရဘူးဆိုတာ ဦးငယ်မသိဘူးလား!...
အင်္ကျီမှာစာတန်းပါတယ်လေ! လက်နဲ့ပဲဖြည်းဖြည်းခြင်းလျှော်ရတာ!..."

Taehyung ချက်ချင်းပင် အင်္ကျီတွေကိုကောက်ယူကာကြည့်လိုက်သည်။

ဦးငယ်~(Completed)Where stories live. Discover now