(Unicode)
ချစ်ခွင့်ရလေမလား။ဖမ်းဆုပ်ခွင့်ရလေမလား။
မိုးကောင်းကင်ယံထက်က ဖြူစင်တဲ့လမင်းငယ်ပမာ ဦးငယ်။အလင်းရောင်ငယ်လေးရယ် ကျနော့်အပေါ် မှေးမှိန်စွာလေးပဲဖြစ်ဖြစ် ဖြန့်ကျက်
ပေးလေမလား။
____________________နွေးထွေးမှုမရှိတော့သည့်ခံစားချက်။
တင်းကျပ်စွာဖက်ထားလိုက်တော့..." ဦးငယ်..."
မျက်လုံးလေးမှိတ်ရင်းသာခေါ်လိုက်မိသည်။
အသံပြန်ကြားခြင်းမရှိပြန်။Jungkook အိပ်ယာဘေးကိုလက်နဲ့စမ်းကြည့်နေပြန်သည်။
" ဦးငယ်!..."
တစ်ယောက်တည်းနိုးထခဲ့သည့် ခံစားချက်။
စိတ်ကိုပူပန်စေသည်။လက်ထဲပွေ့ဖက်ထားမိသည်မှာလည်း ခေါင်းအုံးသာဖြစ်နေသည်။
ကုတင်ပေါ်မှအမြန်ထကာ အခန်းအပြင်ကိုအမြန်ထွက်လိုက်သည်။
ကျနော်မျက်လုံးဖွင့်ဖွင့်ခြင်းအရင်ရှာမိသည်မှာ ဦးငယ်ပင်။ဆံနွယ်ရှည်တွေကိုလက်နဲ့ထိုးဖွလိုက်သည်။
အရင်ထွက်သွားပြန်တာပဲ။အိမ်ထဲကျနော်တစ်ယောက်တည်းကျန်နေခဲ့ပြန်သည်။နေ့ရက်တိုင်းက အမြဲအထီးကျန်နေသလိုပဲ။ဦးငယ်သာကျနော့်အနားရှိနေရင်
တော့တမျိုးပေါ့။အိမ်အကူအဒေါ်ကြီးမှ မီးဖိုခန်းထဲ Jungkook အတွက်မနက်စာပြင်ပေးနေသည်။
Jungkook မနက်စာကိုတစ်ချက်သာကြည့်ပြီး Taehyung အခန်းထဲသာပြန်လာလေသည်။
ကုတင်ပေါ်ထိုင်ချလိုက်သည်။
Taehyung အုံးသည့်ခေါင်းလေးကို ကြည့်ကာပြုံးလေသည်။" ဦးငယ်ရယ်...ချစ်လိုက်ရတာဗျာ..."
ထိုခေါင်းအုံးလေးကိုယူကာ ရင်ခွင်ထဲထည့်ထားရင်း နမ်းရှိုက်မိသည်။
ဦးငယ်သုံးနေကြရှန်ပူအနံ့သင်းသင်းလေးက ရနေပြန်သည်။ နှင်းဆီနံ့လေးပေါ့။အိပ်ယာဘေးကပ်ရပ်မှ စားပွဲအသေးလေးပေါ်
အကြည့်အောက်မိတော့ မှတ်စုစာရွက်လေးကရှိနေလေသည်။လှည့်ကာယူလိုက်မိသည်။
'မောင်အရမ်းအိပ်မောကျနေလို့ ဦးငယ်မနိုးလိုက်တာပါ။နောက်ပြီး ဦးငယ်လည်းဒီနေ့စာအုပ်တိုက်ကိုသွားစရာရှိနေတယ်။အဲ့တာကြောင့်အရင်ထွက်သွားမိတာ။စိတ်ကောက်မနေနဲ့အုံးနော်။
ဦးငယ်မောင့်ပါးကို အလုပ်မသွားခင် နမ်းခဲ့တယ်။အိပ်ပုတ်လေး မောင်။'
YOU ARE READING
ဦးငယ်~(Completed)