(Unicode)
သဝန်တိုလို့ ရူးရချည်ရဲ့။
နှင်းဆီငယ်လေးရယ်။
မောင့်အမိန်ကိုသာနာခံရင်း ခြေတော်အပါးမှာ
ရွှေရုပ်လွှာလေး ပမာအမြဲရှိနေပေးပါ။___________________
အမြဲတမ်းတကျတ်ကျတ်ရန်ဖြစ်နေရသည့်အကြောင်းအရင်းတစ်ခုကသဝန်တိုလွန်နေခြင်းကြောင့်သာ။
မောင်ကိုမနည်းပြန်ချောခဲ့ရသည်။
နည်းနည်းတော့ အရိုက်ခံခဲ့ရပေမဲ့ပေါ့။အယ်ဒီတာMinနဲ့တွေ့ဆုံပြီး စာမူဝယ်မည့်ကမ်းလှမ်းချက်ကြောင့် ကျနော်နဲ့စကားပြောဖြစ်ခဲ့ကြောင်း။
ဝတ္ထုစာအုပ်ကမ်းလှမ်းချက်ကိုမောင်က လုံးဝခွင့်မပြုခဲ့။ကျနော့်ဝါသနာကို အခုစွန့်လွှတ်လိုက်ရတော့မည်။အပြီးအတိုင်ပေါ့။
Taehyung အခန်းလေးထဲမှ ထွက်လာသည်။
ဧည့်ခန်းတွင်ထိုင်ကာ Jungkook တီဗွီကြည့်နေလေသည်။" မောင်...ဦးငယ်အပြင်ခနသွားမယ်နော်..."
" ဘာကိစ္စ..."
" အယ်ဒီတာ Min နဲ့စာအုပ်ကိစ္စလေးဆွေးနွေးချင်လို့ပါ..."
" အဲ့စာအုပ်ကိစ္စကလာပြန်ပြီလား...မောင်ပြောထားတယ်လေ...ဦးငယ်ကို စာဆက်မရေးရဘူးလို့ သေချာပြောပြီးသားနော်...ဆက်ခေါင်းမာနေမယ်ဆို မောင်သည်းခံမှာမဟုတ်ဘူး..."
" ဦးငယ်အခုသွားမဲ့ကိစ္စက စာအုပ်ထုတ်ဖို့ အကြောင်းမဟုတ်ပါဘူး...ဦးငယ် ငြင်းလိုက်မလို့ပါ...မောင့်သဘောအတိုင်း ဦးငယ်လိုက်လုပ်တာပါ..."
မျက်နှာငယ်လေးဖြစ်နေသည့် Taehyung...
အိမ်အပြင်ထွက်မည်လုပ်တော့ Jungkook
သူထိုင်နေရာမှ မတ်တပ်ချက်ချင်းရပ်လေသည်။" ခန...မသွားနဲ့အုံး...မောင်ပြောစရာရှိသေးတယ်..."
" ဘာများလဲ မောင်..."
အနားကိုလျှောက်လာကာကျနော့်လက်ကို ဆွဲရင်း ဧည့်ခန်းထဲခေါ်သွားခဲ့သည်။
ကုပ်ကုပ်လေးထိုင်နေမိတယ်။
မောင်ကျနော့်ဘေးဝင်ထိုင်တာနဲ့တင်ကြောက်နေမိသည်။
တစ်ခုခုစိတ်ဆိုးစရာကိစ္စတွေ ကျနော်ထပ်လုပ်မိပြန်ပြီလား။
YOU ARE READING
ဦးငယ်~(Completed)