Part-7

4.2K 349 45
                                    

(Unicode)

ချစ်တယ်။
ရိုးရှင်းတဲ့စကားလုံးလေးနှစ်လုံးကလူကို ရူးသွပ်စေသည်။ကျနော် ဦးငယ်ကိုချစ်တာထက်ပိုနေခဲ့သည်။

_______________

အဖြူရောင်သတို့သားဝတ်စုံအစား နီညို
ရောင်ဝတ်စုံကိုသာဝတ်ဆင်ခဲ့ရသည်။မောင်အကြိုက်ဆုံးအရောင်လေးပေါ့။

Taehyung သူ မနှစ်သက်သည့်အရောင်ဖြစ်
ပေမဲ့လည်း Jungkook အလိုကျဝတ်ဆင်ခဲ့ရသည်။
ကုတ်အင်္ကျီရဲ့ရင်ဘတ်ပေါ်မှ ပန်းရင်ထိုးလေးက
လည်းနှင်းဆီပွင့်လေးပင်။

ကျနော့်တစ်ကိုယ်လုံးကိုမောင်က သူစိတ်ကြိုက်ပြင်ဆင်စေသည်။

မင်္ဂလာပွဲလေးက လူကြီးမိဘတွေနဲ့ မိတ်ဆွေအချို့တွေနဲ့သာ အကျဥ်းကျူံးလုပ်ခဲ့ရသည်။

အောင်မြင်စွာပြီးဆုံးသွားပေမဲ့ တစ်ဖက်တွင်
ဝမ်းနည်းစရာဖြစ်ရပြန်သည်။

Mr.Jeon နဲ့ Mr.s Jeon က သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲပြီးသည့်နှင့်ချက်ချင်းပင် အင်္ဂလန်ကိုသွားဖို့ပြင်တော့သည်။

လေဆိပ်လေးတွင်မူ...

" Omma သားဖြစ်စေချင်တဲ့အတိုင်းအကုန်ဖြည့်စည်းပေးပြီးပြီနော်...Taehyung ကို သားပိုင်တယ်ဆိုပြီး အမျိုးမျိုးမလုပ်ရဘူးနော်..."

" စိတ်ချပါ Omma...ကျနော်က ဦးငယ်စိတ်ညစ်အောင်လုံးဝမလုပ်ပါဘူးဗျာ..."

Taehyung လက်လေးကိုကိုင်ထားသည့် Jungkook...

မင်္ဂလာခန်းမကနေထွက်တာနှင့် လေဆိပ်ကိုလိုက်လာခဲ့သည်။မိဘတွေကို လေယာဥ်ပေါ်တက်တဲ့အထိ နှုတ်ဆက်ချင်နေတာပင်။

" မင်းငါ့သားကို ဂရုစိုက်ပေးပါ...ငါတို့လင်မယားနှစ်ယောက်က မင်းကိုယုံလို့အပ်ထားခဲ့တာ...အသက်ဆယ်နှစ်ကွာတာတောင် မင်းကိုရွေးချယ်ပေးခဲ့တယ်...မင်း Jungkook ကိုသေချာဂရုစိုက်ပေးပါ..."

"စိတ်ချပါ​ Omma..."

သူ့ရဲ့ခံစားချက်တွေကိုအခုချိန်ထိ လစ်လျူရှု့ခြင်းခံရပြန်သည်။
မောင်ကိုသာဂရုစိုက်ဖို့အကြောင်းတွေသာပြောရင်း ထွက်သွားသည့် Appa နဲ့ Omma

လေဆိပ်အရှေ့ရောက်တော့ တစ်ရှုံ့ရှုံ့လုပ်နေပြန်သည့် Jungkook ငိုနေတာပင်။

ဦးငယ်~(Completed)Where stories live. Discover now