Part-11

3.9K 308 82
                                    

(Unicode)

လေပြေတွေက တိုက်ခတ်တယ်။
ဇင်ယောငှက်လေးတွေက ပျံသန်းတယ်။
လွတ်လပ်စွာပေါ့။
သို့သော် လွတ်လပ်ခွင့်မပေးချင်ခဲ့တာက ဦးငယ်ကိုပင်။မောင့်စေညွှန်ရာ ကကြိုးရုပ်လေးပမာ
ယိမ်းနွှဲ့နေပေးပါ။

_____________

" မောင် ဘယ်လိုပြောလိုက်တယ်...လက်ထပ်လက်စွပ်ကိုဘာလို့ချွတ်ပစ်မှာလဲ..."

" အခု မောင်ကလက်ထပ်ပြီးသားလူတစ်ယောက်ဆိုပြီး ကောလဟလတွေထွက်နေပြီ...PD Ru ကလည်း ပြသာနာတွေရှာနေတာ..."

" အဲ့တာလေးနဲ့မောင်က လက်ထပ်လက်စွပ်ကိုချွတ် ပစ်မယ်ပေါ့လေ..."

ကျနော်တကယ်အံ့သြမိပါရဲ့။
မောင်က ပြီးစလွယ်ပြောနေတာလေ။
လက်ထပ်လက်စွပ်ဆိုတာ အပြီးတိုင်ခွဲခွာရမှ ချွတ်ပစ်ရတာမျိုး။

" ဦးငယ်ရယ် နားလည်ပေးပါ...မောင်လက်စွပ်မချွတ်ပစ်ရင် အနုပညာဆက်လုပ်ဖို့ခက်လိမ့်မယ်..."

" အဲ့တော့ မောင်က လက်စွပ်လေးရဲ့တန်ဖိုးနဲ့
မောင့်အောင်မြင်မှုကို လဲပစ်မယ်ပေါ့လေ..."

" ကျစ်!...ဦးငယ်ရာ...ဘာလို့အဲ့လောက်ထိ ရစ်နေရတာလဲ...ဘာမဟုတ်တဲ့လက်စွပ်လေးနဲ့ကွာ..."

ဘာမဟုတ်တဲ့ လက်စွပ်?
မောင်ဘယ်လိုပြောရက်ရတာလဲ။

" မောင်!...စကားကိုဆင်ခြင်စမ်း!...ဘာမဟုတ်တဲ့လက်စွပ်မဟုတ်ဘူး!...အဲ့လက်စွပ်က ဦးငယ်ရဲ့
ဘဝတစ်ခုလုံးပုံအပ်ထားတဲ့ ပစ္စည်းလေ..."

" မောင့်ကို အော်နေစရာမလိုဘူးနော် ဦးငယ်!...
အခုလို ကောလဟလတွေထွက်ရတာလဲ ဦးငယ်ကြောင့်လေ!...အစကတည်းက မောင်လက်ထပ်ထားတယ်ဆိုတာကိုမဖုံးကွယ်ထားရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး!...စောက်ပြသာနာလည်း ဖြစ်မှာမဟုတ်ဘူး!..."

Jungkook Taehyung ကိုဒေါသဖြင့်
လက်ညိုးငေါက်ငေါက်ထိုးကာပြောနေသည်။

မျက်ရည်တွေဝိုင်းလာရသည်။
ရင်ဝတည့်တည့် အရှိန်နဲ့ ဆောင့်ကန်လိုက်သလိုပါပဲ။

မောင်က ကျနော့်ကိုလက်ညိုးထိုးကာအော်ပြောနေသည်။

ကျနော်ကိုယ်တိုင်ဖုံးကွယ်ထားခိုင်းတာတော့မှန်ပါတယ်။
ကျန်တာအကုန်လိုက်လျောပေးခဲ့ပေမဲ့ အခုလို
လက်စွပ်လေးပါချွတ်ပစ်မယ်ဆိုတော့ ကျနော်ရင်တွေနာရသည်။

ဦးငယ်~(Completed)Where stories live. Discover now