Part-2

5.5K 439 21
                                    

(Unicode)

ဝတ်မှုန်ရှိရာ လှပတဲ့ပန်းပေါင်းစုံတွေကြား
ပျား၊ပတုန်းတို့ တဝဲလည်လည်ရှိတတ်ကြသည်။
ချိုမြိန်တဲ့ ဝတ်ရည်လေးကြောင့်ပင်။
ထိုနည်းတူလှပတဲ့ ဦးငယ်အနားမောင်တဝဲလည်လည်အမြဲ ပျံဝဲနေပါရစေ။

______________

ဝတ်မှုန်ဆံလေးတွေက မွှေးပျံ့သလို၊တခါတရံကျပြန်ရင် အသေက်သေစေသည်အထိ အဆိပ်ပြင်းကြပြန်သည်။

စာရေးဆရာတစ်ဦးဖြစ်သည့်အပြင် ကုမ္ပဏီကိုပါ
ဦးစီးဦးဆောင်ပြုနေရလေသည်။
ရင့်ကျက်တည်ငြိမ်တဲ့သူတစ်ဦးက သူတပါးအိမ်ရဲ့ အစေခံသာသာဆက်ဆံခံနေရတယ်ဆိုတာသာ
တခြားသူတွေသိရင် ရယ်ကြလေမလား။
ကယ်တင်ပေးခဲ့သည်ဆိုတဲ့စကားတစ်ခွန်းနဲ့သာ
အနိုင်ယူနေကြသည်။

စာကြည့်ခန်း၏ စားပွဲခုံတွင်ထိုင်နေသည့်
သူ၏ မွေးစားအဖေလို့ဆိုရလေသူ။
မျက်နှာထားခပ်တင်းတင်းပင်။
ထိုသူ့ဘေးတွင် အမျိုးသမီးတစ်ဦး။

" သားကို ခေါ်ရတဲ့အကြောင်းက ဘာများရှိလို့လဲ..."

" လက်ထပ်လိုက်..."

အဆုံးအစမရှိတဲ့စကားကြောင့် အံ့သြမိပါရဲ့။
ဘာမှပြန်မပြောမိလေတော့...

" Appa ပြောချင်တာက သား Taehyung လည်း
အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီမဟုတ်လား...အဲ့တော့ အချိန်မလွန်ရလေအောင် စီစဥ်ပေးမလို့..."

" အာ...ဟို...ကျနော်..."

သက်ပြင်းချသံကြားလိုက်ရသည်။
စိတ်ပျက်စွာနဲ့ပင်။

" Appa ရှင်းရှင်းပဲပြောမယ်...သားနဲ့ Jungkook
လေးက သံယောဇဥ်တွေရှိနေတာသိတယ်...
အရောင်တွေမဆိုးမိ ခင်...သားကအရင်လက်ထပ်လိုက်ပါ..."

" ကျနော် မောင့်အပေါ်ကို ရိုးရိုးသားသားပါ...
ဘာစိတ်မှမရှိပါဘူး...ကလေးငယ်တစ်ယောက်လိုပဲ သံယောဇဥ်ရှိတာပါ..."

ကျနော့်စကားကို အထင်သေးစွာရယ်မောလိုက်သည်က Omma ပင်။

" ဒီမှာ Taehyung...ငါကတော့ ငါ့ယောက်ျားလို
ဝေ့လည်ကြောင်ပတ်မပြောတတ်ဘူး...
ငါ့သားကို မြူစွယ်နေတာတွေရပ်ပေးပါ...ငါ့ရဲ့သားက အခု စိတ်ကစားတဲ့အရွယ်ရောက်နေပြီ..."

ဦးငယ်~(Completed)Where stories live. Discover now