Part-20

4.8K 316 33
                                    

(Unicode)

သိပ်ကိုရယ်ချင်စရာကောင်းသည့်
ပြက်လုံးလေး တစ်ခုရှိခဲ့တယ်။

' မောင်' ဆိုတဲ့စကားလုံးလေးလေ။

_____________________

အညိုးကြီးတာမဟုတ်ဘူး။တန်ပြန်သက်ရောက်စေချင်ခဲ့တာ။

Taehyung ဆေးရုံဆင်းပြီးတစ်လပင်ကြာခဲ့သည်။
ချင်ချင်းပင်မီဒီယာတွေရှေ့ Jungkook နှင့်လက်ထပ်ထားခဲ့ကြောင့် အထောက်အထားတွေနဲ့တကွပြသခဲ့သည်။
မင်္ဂလာဓာတ်ပုံကို မီဒီယာလက်ထဲဖြန့်ခဲ့သည့်အပြင် ဆိုရှယ်ပေါ်မှာပါ တင်ပစ်ခဲ့သည်။

အခုဆို သတင်းတွေကပွက်လောရိုက်ကုန်ကြသည်။ အဆိုတော် JK ရဲ့ အလိမ်အညာဆိုသည့် ခေါင်းစီးနဲ့ သတင်းစာတွေရဲ့ရှေ့ဆုံးမှာတင်ပါလာခဲ့သည်။

Fan တွေရဲ့အပြစ်တင်ပြောဆိုမှုကိုပါခံရတော့သည်။
အဲ့လို လိမ်ညာတတ်သူကို အလိုမရှိဆိုသည့်အပြင် အေးဂျင်စီမှ PD Ru ကိုပါတရားစွဲချက်တွေရှိလာသည်။

အနုပညာလောကထဲမှလည်း Jungkook ကိုအပြီးတိုင် ထုတ်ပစ်ခဲ့ကြသည်။
နေ့ချင်းညချင်းအမြင့်ပေါ်ကနေ ဆွဲချခြင်းခံလိုက်ရသည်။

ဟိုးအောက်ခြေထိပြုတ်ကျသွားတာကြောင့်
အထိတော့နာနေလိမ့်မည်။

Taehyung ကားလေးမောင်းကာ အရင်နေအိမ်သို့ရောက်လာခဲ့သည်။

ကားကိုရပ်လိုက်ရင်း အေးအေးလူလူပင်ဆင်းကာ ခြံလေးထဲဝင်သွားခဲ့သည်။

ရှုပ်ပွနေသည့် နေအိမ်။
ဧည့်ခန်းတွင်လည်း အရက်ပုလင်းတွေတန်းစီနေသည်။

ကျနော်ဒီအိမ်ကထွက်သွားတာ တစ်လပဲရှိသေးတယ်။အခုအိမ်က ဇရပ်လိုဖြစ်နေလေပြီ။

နေကာမျက်မှန်လေးကိုချွတ်လိုက်သည်။
လက်ကိုင်အိတ်လေးထဲထည့်ကာ
Jungkook ရှိမည့်အခန်းလေးထဲဝင်သွားလေသည်။

အိပ်ခန်းအတွင်း ကုတင်ခြေရင်းတွင် ဝိုင်ကိုပုလင်းလိုက်မော့သောက်နေသည်။

စိတ်ပျက်စရာကောင်းလိုက်တာ။သူပြိုလဲနေတာက ကျနော့်အတွက်ဟာသပဲ။

" ဘယ်လိုလဲ...ငါမရှိတော့ မင်းအရမ်းပျော်နေတယ်ထင်တယ်..."

သူ့အသံလေးကြားတာနှင့်ချင်ချင်းပင် လှည့်ကြည့်လာသည်။

ဦးငယ်~(Completed)Where stories live. Discover now