Part-38

3.9K 276 57
                                    

(Unicode)

တောင်းပန်တယ်ဆိုတာလည်း ပြောခွင့်မရှိတော့ချေ။ခွင့်လွှတ်ခြင်းဆိုတာလည်း မရှိတော့ပေ။
ချစ်ခြင်း မုန်းခြင်းလည်းမရှိတော့ပေ။
ခံစားချက်မဲ့သွားခဲ့ပြီ။
သို့သော် မောင်ရင်နာစွာနဲ့ ချစ်နေစဲပါ။
ဦးငယ် ပေးသမျှအပြစ်ဒဏ်ကိုအသက်ရှင်နေသမျှ အပြုံးမပျက်ဘဲခံစားသွားမည်။

____________________

အရုပ်လေးတစ်ရုပ်လို ခွဲစိတ်ခန်းအရှေ့ထိုင်နေ
သည့် Taehyung သူ့အဝတ်အစားတွင်လည်း Jungkook ရဲ့သွေးတွေစွန်းထင်းနေသည်။

မျက်ရည်တွေနဲ့ ရှိုက်ကာငိုနေသည်။
သူ့ဘေးနားဘယ်သူမှလည်းရှိမနေ။
Jungkook တစ်ခုခုဖြစ်သွားမည်ကိုသာစိုးရိမ်နေလေသည်။

မောင်ရယ်...ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့။
ဦးငယ်စီပြန်လာပေးပါ။အခုလို ဦးငယ်ကိုထားမသွားရဘူးလေ။
မောင့်မှာလည်း ဦးငယ်ပဲရှိသလို။
ဦးငယ်မှာလည်း မောင်ပဲရှိတော့တာလေ။

ခွင့်လွှတ်ပေးပြီဆိုမှ ကံကြမ္မာကဆော့ကစားပြန်ပြီပဲ။
ငိုနေပေမဲ့ နှလုံးသားက ဘာမှမခံစားရချေ။
မောင့်ကို ကျနော်လုံးဝခံစားချက်မဲ့နေတာလား။အခုငိုနေတာကရော မောင့်ကိုစိတ်ပူနေရုံပဲလား။
ဒါမှမဟုတ် ကျနော်တစ်ယောက်တည်းလောကကြီးထဲကျန်နေခဲ့မှာကိုကြောက်နေတာလား။

သေချာတာတစ်ခုကတော့ ကျနော့်နှလုံးသားက
မောင့်အပေါ် ဘာမှမခံစားရတော့တာပင်။

ဘယ်လိုပဲဖြစ်ဖြစ်မောင်အခုလိုပုံစံမျိုးနဲ့ ဦးငယ်ကိုမစွန့်ပစ်ရဘူးလေကွာ။မရမကအနားကိုခေါ်ထားပြီးမှ မောင်အရင်ထွက်သွားလို့မဖြစ်ဘူးလေ။

ခွဲစိတ်ရမဲ့နေရာက ဦးခေါင်းလို့ပြောလိုက်တာကြောင့် ကျနော်ဘယ်လိုမှရတက်မအေးရတော့ချေ။

ခွဲစိတ်ခန်းမှ မီးနီလေးက မီးစိမ်းလေးစီကူးပြောင်းသွားလေသည်။

ဆရာဝန်ထွက်လာသည်။

" လူနာရှင်..."

" ဟုတ်ကဲ့..."

Taehyung မျက်ရည်တွေကိုသုတ်ပစ်ကာ
ဆရာဝန်အနားသို့သွားလေသည်။

" အသက်အန္တာရာယ်တော့စိုးရိမ်စရာမရှိပါဘူး...
ဒါပေမဲ့..."

ဦးငယ်~(Completed)Where stories live. Discover now