Part-24

3.9K 302 40
                                    

(Unicode)

နှင်းဆီငယ်ရဲ့အနမ်းတွေကို တမ်းတမိပါ၏။
ထွေးပွေ့မှုကို လွမ်းဆွတ်မိပါ၏။
ကြင်နာယုယမှုတွေကို တောင်းခံမိပါ၏။
' မောင် ' လို့ခေါ်သံလေးကိုကြားယောင်နေပါ၏။
ရင်ထဲအသည်းထဲက လှိုက်လှိုက်လဲလဲ ချစ်ရသူ
ဟာ မောင့်ရဲ့ ဦးငယ်။

____________________

စာအုပ်ထုတ်ဝေပြီး တစ်နာရီအတွင်းမှာပင်
Jangmi ရေးသားသည့် 'ပန်းပျိုးသူ' စာအုပ်လေးက ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့သည်။
လူတိုင်းရင်ထဲထိမိစေတဲ့ စကားလုံးတွေကြောင့်ပင်။

Taehyung ရဲ့ကလောင်နာမည်လေးက
Jangmi လေးပင်။ဆိုလိုရင်းက နှင်းဆီပန်းလေးပေါ့။

Yoongi သူ့မိဘတွေနဲ့Taehyung ကို မိတ်ဆက်​ပေးဖို့အတွက် ဒယ်ဂူမြို့ပေါ်ခေါ်သွားခဲ့သည်။
လျှောက်လည်ပေးဖို့အတွက်ရောပေါ့။
ရွာမှာပဲနေနေရတာ ပျင်းနေမှာဆိုးသည်လေ။

မိဘတွေရှေ့ကုပ်ကုပ်လေးဖြစ်နေသူ။
မျက်လုံးချင်းတောင် မကြည့်ရဲ။
ညစာစားပြီးချိန်ထိသူ ထိုင်နေပုံမပျက်။
တစ်ခုမှလည်း မခိုင်းသလို။ထမင်းပန်းကန်တွေကသာအရှေ့ရောက်လာခဲ့သည်။
ရယ်မောရင်းနဲ့ ပြီးပြည့်စုံသည့် ထမင်းဝိုင်းလေးတစ်ခုဖြစ်ခဲ့သည်။

" Taehyung...သားလေး...လွတ်လွတ်လပ်လပ်ထိုင်ပါကွယ်...ရောက်ကတည်းက ကုပ်ကုပ်လေးဖြစ်နေတယ်..."

" ဟုတ်ကဲ့..."

ရှက်နေသည့်သူ့ကိုကြည့်ကာ Yoongi မိဘတွေက အသည်းယားနေကြသည်။

မျက်မှန်လေးနဲ့ချစ်ဖို့ကောင်းနေသည်လေ။

" သား...Taehyung လေးကိုပြောလိုက်ပါကွယ်...
သူ့ခများ Omma တို့ကိုကြောက်နေတဲ့ပုံပဲ...
နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်ပုံမရဘူး..."

" အာ...Tae ကအဲ့လိုပဲ..."

Yoongi Taehyung လက်ကို ကိုင်လိုက်ကာ...

" လွတ်လွတ်လပ်လပ်နေပါ...ကိုယ့်မိဘတွေက
သဘောကောင်းပါတယ်..."

" ဟို...ကျနော်..."

မျက်နှာလေးက မဲ့သွားသည်။
စကားတစ်ခွန်းပြောဖို့ သူခက်ခဲနေလေသည်။

" Min...ဟို...ကျနော့်ခြေထောက်ကျဥ်နေလို့...အဲ့တာကြောင့် လှုပ်လို့မရဘူး..."

ဦးငယ်~(Completed)Where stories live. Discover now