Part-9

4.1K 350 57
                                    

(Unicode)

ပိုင်ဆိုင်ပြီးသား ပန်းပွင့်လေးတစ်ပွင့်။
နင်းချေချင်ရင် နင်းချေပစ်မယ်။
နမ်းရှိုက်ချင်ရင် နမ်းရှိုက်မယ်။
စွန့်ပစ်ချင် စွန့်ပစ်မယ်။
နှင်းဆီငယ်သာမောင့်ကို ထားသွားခွင့်မရှိ။
_________________

Taehyungအိမ်ထဲကိုပြေးဝင်လာရင်း အခန်းတံခါးလေး လော့ခ်ချကာ အော်ငိုနေသည်။

ရင်ဘတ်ကို ထုရိုက်ကာ သူနာကျင်နေခဲ့သည်။
စို့နှင့်လာမှုက အသက်ရှူနှုန်းကိုပင် ခက်ခဲစေသည်။

လုပ်ရက်လိုက်တာ။
ကျနော့်မျက်စိရှေ့မှာမောင်က တခြားအမျိုးသမီးခန္ဓာကိုယ်ကို ထိတွေနေခဲ့တယ်။
ရင်ထဲဘယ်လောက်ထိတောင် ကမ္ဘာပျက်ခဲ့ရလဲ ဆိုတာမောင်သိမယ်မထင်။

မောင့်ကိုချစ်လာဖို့အတွက်ကြိုးစားပေးမည်အထိ စဥ်းစားနေခဲ့တယ်။

ကျနော့်ဘဝက အမြဲထိုးနှက်ချက်တွေကြားအသက်ရှင်နေရပြီ ထင်ပါရဲ့။

မိဘတွေဆုံးပါးပြီး ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ခံရတာတင် မကျေမနပ်သေးလို့ အခုမောင်ကပါ
ကျနော့်ကို သက်မဲ့အရုပ်တစ်ရုပ်၊ခံစားချက်မဲ့နေတဲ့သူလိုပါ ဆက်ဆံခဲ့ပြီ။

လက်ထပ်ထားတယ်လေ။ဘာလို့ တခြားမိန်းမရဲ့
အထိအတွေ့တွေထဲ ပျော်ဝင်နေရတာလဲ။

ကျနော်များ မောင့်ကိုစိတ်ကျေနပ်မှုမပေးနိုင်လို့များလား။
ကျနော့်ကိုယ်ခန္ဓာက မောင့်အတွက်မတင်းတိမ်နိုင်ခဲ့လို့လား။

တစ်ညတာလေးနဲ့ကိုယ်ခန္ဓာတစ်ခုလုံး နင်းခြေခံရသည်။
အခုနေ့ တစ်နေ့မှာတင် ထပ်ပြီး နင်းခြေခံရပြန်သည်။ဒီတစ်ကြိမ်ကတော့ ကျနော့်နှလုံးသားလေး ကြေကွဲမတတ်ကို နာကျင်ရတယ်။

Taehyung သူ့လက်သကြွယ်မှလက်စွပ်လေးကိုကြည့်ကာ ပိုတိုးလို့ မျက်ရည်တွေကျရသည်။

ချစ်တယ်ဆို။ဘာလို့လဲ။ဘာလို့ အခုလိုလုပ်ရတာလဲ မောင်ရယ်။
ဦးငယ် မောင့်စိတ်တိုင်းကျနေနေပေးခဲ့တယ်လေ။ဦးငယ်တစ်ဘဝလုံး မောင့်အကြိုက်ဆောင်ပေးနေတာပါ။
လက်ထပ်မဲ့ကိစ္စကအစ ဦးငယ်မငြင်းဆန်ခဲ့ဘူးလေ။မောင်ပျော်နေရင် ပြီးတာပဲဆိုပြီး အမြဲကျေနပ်ပြီးနေပေးခဲ့တာ။

ဦးငယ်~(Completed)Where stories live. Discover now