Part-18

4.6K 350 77
                                    

(Unicode)

ချစ်တယ်ဆိုတဲ့စကားလုံးလေးက အပေါစားဆန်ခဲ့ပြီ။
မောင့်ရဲ့နှင်းဆီငယ်။
မောင့်ရဲ့ချစ်ခြင်းအစစ်မှန်က ဦးငယ်ပါ။
ကောင်းကင်ယံရဲ့ အလင်းအမှောင်။
မိုးရေစက်လေးတွေကို တိုင်တည်ရင်း
ပြောပါစေ။
မောင့်အချစ်ဦး နှင်းဆီငယ်။

_________________

အချစ်ကြီးရင် အမုန်းလည်းကြီးတတ်သည်။
ဖောက်ပြန်နေတာသိရက်နဲ့လွတ်ထားပေးခဲ့မိတယ်။
ငယ်ရွယ်သေးတာမို့ အသက်ကလေး
ရလာရင်အသိတရားရမည်ထင်မှတ်ခဲ့သည်။

တခါမှမရိုက်စဖူးပါးပြင်လေးကိုအကြိမ်ကြိမ်ရိုက်ခဲ့ရသည်။
တယုတယနမ်းရှိုက်ခဲ့သည့် ပါးပြင်လေး။

မုန်းတယ်ဆိုသည့် စကားလေးကလည်း
ထိန်းချုပ်နိုင်စွမ်းမရှိခဲ့။
နှလုံးသားထဲကကို လှိုက်လှိုက်လှဲလှဲပြောမိခဲ့သည်။

" ဦးငယ်...မောင် ရှင်းပြ​ပါရစေ..."

" ရှင်းပြမယ်...အဟက်...ဘယ်လိုအလိမ်အညာကိုမှ ငါအချိန်ကုန်ခံပြီးနားထောင်နေစရာအကြောင်းမရှိတော့ဘူး..."

Miya လည်ပင်းအကြည့်ရောက်မိသွားသည့် Taehyung ခနဲ့တဲ့တဲ့ရယ်လိုက်သည်။

မောင်ပိုက်ဆံအကုန်ခံပြီးရွေးခဲ့တဲ့ ဆွဲကြိုးလေးက သူမအတွက်ကို။
အရူးလုပ်ခံနေရတာမဟုတ်ဘဲ။ကျနော်ကိုယ်တိုင်က စုံလုံးကန်းနေခဲ့တာ။

" ဆွဲကြိုးလေးကလှသားပဲ...မင်းရဲ့မောင်က
ကရွေးတတ်လိုက်တာ..."

တမင်သက်သက် မင်းရဲ့မောင်လို့ သုံးနှုန်းလိုက်သည်။

" ဦး...ဦးငယ်..."

ကျနော့်လည်ပင်းက ဆွဲကြိုးကလည်း သေချာနေပြီ။
ဒီအမျိုးသမီးပိုင်တာပဲဖြစ်ရမည်။
Miya ဆိုတော့ M...
ကျနော်က အရူးလို ဆွဲကြိုးကိုပြန်ပြင်ပြီးဝတ်နေခဲ့တာ။

Taehyung Miya ကိုရွံစရာသတ္တဝာစ်ကောင်လိုမျိုးကြည့်လေသည်။

" မင်းလေးကလည်း လင်အရမ်းရှားနေပုံပဲနော်...
ရုပ်ကလေမှ အားမနာ သူများယောက်ျားကိုမှ
ငမ်းငမ်းတက်နေတယ်..."

" ဒီမှာ...စကားကိုဆင်ခြင်ပြောစမ်းပါ...ကျမကို
မခွဲနိုင်မခွာနိုင်ဖြစ်နေတာ မောင်လေ..."

ဦးငယ်~(Completed)Where stories live. Discover now