Part-10

4.2K 321 21
                                    

(Unicode)

ရှင်ဆိုရှင် သေဆိုသေ။
ကျနော့်လက်ထဲက ပန်းပွင့်လေးကလည်း ထိုနည်းတူပင်။
ညိုးနွမ်းတာနှင့် အမှိုက်စတခုလိုဖြစ်သွားမည်။
ဒါကြောင့် အမြဲပွင့်လန်းနေပါစေ။
တောင်းဆိုချက်မဟုတ်ခဲ့။အမိန့်တစ်ခုပင်။
______________

သုံးနှစ်ဆိုသည့်အချိန်အတိုင်းအတာက များတယ်လို့ ထင်ရပေမဲ့ ကျနော့်အတွက်တော့ မျက်စိတမှိတ်စာလေးသာ။

အခုဆို JK ဆိုသည့်အဆိုတော်လေးက တောင် ကိုရီးယားနိုင်ငံ၏အသည်းကျော် မိန်းကလေးတိုင်းရဲ့နှင်းဆီခိုင်လေးဖြစ်နေသည်။
ချိုသာတဲ့အသံလေးကြောင့် အကုန်လုံးရူးသွပ်စေတာပေါ့။

အခုချိန်မောင်ကခြေရှုပ်တာမျိုးလည်း လုံးဝမလုပ်ခဲ့။
ငယ်တုန်းက အမှားကအခုဆို သင်ခန်းစာတစ်ခုရသွားပြီလို့ထင်သည်။
ကျနော့်ကို ကတိပေးထားသည့်မောင်က သူ့ကတိစကားကို တည်ခဲ့သည်။

ကျနော်လက်နဲ့အချစ်တွေနဲ့ မောင်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုရအောင်ဖြည့်စည်းပေးနိုင်ခဲ့ပြီ။

တစ်စုံတစ်ယောက်ရဲ့ မှေးမှိန်နေသည့် ရည်မှန်းချက်လေးကတော့ တဖြည်းဖြည်းပျောက်လုစဲဖြစ်နေလေသည်။
စာရေးဆရာတစ်ဦးဆိုသည့် တန်ဖိုးထားခဲ့တဲ့အရာလေးကို သူအပြီးသတ်စွန့်လွှတ်ခဲ့သည်။

Taehyung Jungkook ကိုချစ်လာခဲ့သည်။
ရူးမတတ်အောင်ပေါ့။
ကလေးငယ်တစ်ဦးလိုမဟုတ်ပါဘဲနဲ့ အရောင်စုံချစ်ခြင်းတွေနဲ့ပင်။

ချစ်မိသွားသည်။မောင်ကတခါတရံက ဂျစ်ကန်ကန်လုပ်တတ်ပေမဲ့ပေါ့။
အဆိုးလေးတစ်ယောက်ကို ချစ်မိဖို့အတွက်ကျနော်အချိန်တစ်နှစ်ထိယူခဲ့ရသည်။

အခုတော့ ကျနော့်နှလုံးသားလေးကို မောင်က အပြီးအတိုင်သိမ်းပိုက်သွားလေပြီ။

အဝတ်အစားလဲပြီး တစ်ချက်ကြည့်လိုက်သည်။
ဂိမ်းကိုသာ အာရုံရောက်နေပြန်သည်။

" မောင်..."

" ပြောလေ ဦးငယ်..."

" ဦးငယ် ကုမ္ပဏီကို မောင်နည်းနည်းလေ့လာကြည့်ပါလား..."

အလိုမကျစွာ ချို့ယွင်းသွားသည့် မျက်နှာလေး။

" ဟာဗျာ...မောင်က အဲ့ကုမ္ပဏီကိစ္စတွေကိုမှစိတ်မဝင်စားတာကို..."

ဦးငယ်~(Completed)Where stories live. Discover now