Part-31

3.5K 297 58
                                    

(Unicode)

အတ္တဆန်ပြီးမှ ပိုင်ဆိုင်ရလည်းဖြစ််တယ်။
မုန်းချင်သလောက်သာမုန်းပါ။
မောင့်လက်ထဲက နှင်းဆီငယ်ကိုနောက်တကြိမ်အဆုံးရှုံးမခံနိုင်ဘူး။
နှင်းဆီဖြူလေးရဲ့ရိုးတံကဆူးတွေကလက်ဖဝါးထက် စူးနစ်ဝင်နေရင်တောင် မောင်အနာခံပြီးဖက်တွယ်ထားပါရစေ။ ချစ်လွန်းတာမို့ လက်မလွတ်ချင်ခဲ့။

_________________

ဆေးရုံအခန်းလေးထဲတွင်ပဲရှိနေသေးသည့်
Taehyung...

စားပွဲပေါ်လေးမှ ကွာရှင်းစာချုပ်လေးကိုသာမလှုပ်မယှက်ကြည့်နေသည်။

ကျနော်တွေဝေနေမိသည်။
တကယ်တမ်း ကွာရှင်းစာချုပ်လေးကိုတွေ့လိုက်ရတော့ Min ကိုလက်မလွှတ်ချင်ခဲ့။

လက်မှတ်ထိုးပြီးသားလေး။
သူ Min စီက ဘယ်လိုလက်မှတ်ရအောင်ယူခဲ့လဲဆိုတာတော့မသိ။

Min ရယ် ပင်ပန်းနေပြီမဟုတ်လား။
အသဲငယ်အတွက် ရုန်းကန်ပေးခဲ့ရတာပင်ပန်းနေရောပေါ့။
ကွာရှင်းစာချုပ်လေးပေါ်က လက်မှတ်လေးကလည်း Min ဘယ်လိုအင်အားတွေနဲ့ မနည်းထိုးပေးခဲ့လဲဆိုတာ အသဲငယ်ခံစားမိပါတယ်။

နာကျင်နေပြီမဟုတ်လား။
Min နာကျင်နေတာကို ကျနော့်နှလုံးသားလေးကပါအလိုလိုခံစားမိသည်။

Jungkook ဘေးတွင်ရပ်ကြည့်နေကာ စိတ်မရှည်တော့ချေ။
Taehyung မှာ ကွာရှင်းစာချုပ်ကိုကြည့်နေသည်က တစ်နာရီနီးပါးရှိနေလေပြီ။

" ဦးငယ်...လက်မှတ်ထိုးလိုက်တော့လေ..."

" Min ရော...သူဘယ်မှာလဲ..."

" လက်မှတ်ထိုးပြီးရင် မောင်ပြောပြမယ်..."

" မင်း Min ရဲ့အမှုတွေအကုန်ရုတ်သိမ်း
ပေးမယ်ဆိုတာ သေချာလား..."

" သေချာတယ်...ဒါကြောင့် ဦးငယ်လက်မှတ်သာအမြန်ထိုးလိုက်..."

ဘောပင်ကိုကောက်ကိုင်ကာ ကွာရှင်းစာချုပ်လေးပေါ်နေရာယူသွားခဲ့သည့် Taehyung ၏ လက်မှတ်လေး။

သူပြောတဲ့အတိုင်းလိုက်လုပ်မိပြန်တယ်။
သူ့စကားတွေကို နားထောင်မိပြန်တယ်။
ဒါပေမဲ့ အခုကျနော့်လုပ်ရပ်တွေက Min အတွက်သာ။

ဦးငယ်~(Completed)Where stories live. Discover now