Part-40

4.2K 286 34
                                    

(Unicode)

နှင်းဆီဖြူတွေပွင့်တဲ့ ရပ်ဝန်းငယ်မှာသာမောင်နေထိုင်မည်။
နှင်းဆီနီလေးပန်ဆင်ထားတဲ့ ဦးငယ်ကိုယုယကြင်နာပါ၏။
လေပြေတွေခေါ်ဆောင်ရာအရပ် နေထွက်ချိန်မှစပြီး နေဝင်ချိန်တွေတိုင်း အတူရှိနေမယ်။
နွေးထွေးစေတဲ့ရင်ခွင်ငယ်လေးထဲ အမြဲနားခိုရင်းသာ။
_____________

ဆေးရုံဆင်းရမည့်ရက်လေးရောက်လာခဲ့သည်။
Taehyung Jungkook ကိုနေအိမ်လေးစီသို့ပြန်ခေါ်သွားလေပြီ။

လက်ထပ်ထားတယ်ဆိုတာကိုထုတ်ပြောခဲ့သည်။သို့သော်အလိမ်အညာလေးတစ်ခုကိုထည့်ထားလေသည်။ဒါကိုတော့ Jungkook သိမည်မဟုတ်ချေ။အဲ့အကြောင်းလေးကတော့ အကျည်းတန်ကိစ္စတွေပင်။
အခုချိန် မင်းကဖောက်ပြန်ထားခဲ့တာလို့ပြောလိုက်ရင်း အခြေအနေတွေကပိုဆိုးမည်လေ။

ကျနော့်မိဘတွေကဆုံးပါးသွားပြီ။
ဦးက ကျနော်နဲ့လက်ထပ်ထားတယ်။
အခုလက်ရှိမှာ ဦးကစာရေးဆရာလုပ်နေသည်။
ခနတော့နားထားသည်တဲ့။

ကျနော်က နည်းနည်းဆိုးသည်တဲ့လေ။
အဲ့တာကြောင့်လည်း ဆေးရုံမှာကျနော့်ကိုစိတ်ဆိုးတာနေမယ်။
ရိုက်ပြီးအော်ငိုတဲ့အထိဆိုတော့ ဦးမှာကျနော့်ကို
ခွင်မလွှတ်နိုင်စရာကိစ္စတွေရှိနေမှာ။

ကားတိုက်ခံရပြီး အမြင်အာရုံတွေပါမက မှတ်ဉာဏ်တွေပါပျောက်ဆုံးသွားရပြီ။

ကျနော်က ဘယ်လိုလူစားမျိုးလဲဆိုတာသိချင်မိပါရဲ့။
ဆယ်နှစ်တောင်ကွာတဲ့ဦးကို ကျနော်ဘယ်လိုလက်ထပ်မိထားတာလဲ။
ဘယ်လိုတွေဆိုးခဲ့တာလဲ။

ကျန်တာတော့ဘာမှထပ်မပြောသေး။
ကျနော်ကိုယ်တိုင်လည်းမမေးမိ။
အသက်ကယ်ပေးထားတာကိုပဲကျေးဇူးတင်ရမည်လေ။

ကျနော့်လက်လေးတွဲကာ လှေကားထစ်တွေပေါ်တက်ရင်း အခန်းလေးတစ်ခုစီခေါ်သွားသည်။

အိခနဲဖြစ်သွားသည့် မွေ့ယာလေးထက်ထိုင်စေလေသည်။

" ဒါကမောင့်အခန်း...ဒီမှာနေရမယ် ဟုတ်ပြီလား..."

ခေါင်းလေးငြိမ့်ပြသည်။

" ဦး...ဒါနဲ့ ဦးက ဘယ်အခန်းမှာနေမှာလဲ..."

ဦးငယ်~(Completed)Where stories live. Discover now