Part-32

3.7K 294 36
                                    

(Unicode)

လမင်းကြီးရဲ့အလင်းရောင်က လှပလွန်းသည်။
ဦးငယ်ရဲ့ အပြုံးတစ်ပွင့်နဲ့တင် မောင်ကျရှုံးခဲ့တယ်။မောင်လို့ ခေါ်လိုက်တိုင်းရင်ထဲမှာအေးမြစေတယ်။အနမ်းတွေပေးတိုင်း နှလုံးသားလေးကဟန်ချက်ပျက်ရပြန်။ချစ်တယ်ပြောတိုင်း ရင်ခုန်နေရတယ်။
_______________________

ပုံမှန်အခြေအနေတစ်ခုပြန်ရောက်မယ်လို့ လူတွေကထင်မြင်ကြလိမ့်မည်။
ဒါပေမဲ့ ကျနော့်အတွက်ကတော့ ပျော်ရွှင်ခြင်းတွေပျောက်ဆုံးခဲ့ရပြီ။

Taehyungသူနေသည့်အရင်အိမ်လေးစီပြန်ရောက်လာသည်။
နေသိပ်မကောင်းသေးပေမဲ့ အိမ်ပြန်လို့ရသည့်အနေအထားကြောင့် ဆေးရုံကဆင်းခွင့်ရခဲ့သည်။

တရွေ့ရွေ့ဖြစ်နေသည့် ကားလေးကနောက်ဆုံးမှာတော့ အိမ်ရှေ့ထိုးရပ်သွားလေသည်။
အသက်မပါသည့် မျက်ဝန်းတွေက အပြင်ကိုတစ်ချက်ကြည့်ရင်း မဲ့ခနဲပြုံးလိုက်သည်။

ကျနော် သူ့လက်ထဲကမလွတ်မြောက်နိုင်ခဲ့ဘူး။

Taehyung ရဲ့ပျော်ရွှင်ခြင်းတွေအဆုံးသတ်နေပေမဲ့ Jungkook ပျော်ရွှင်ခြင်းလေးကအခုမှပြန်စတင်လေမည်။

ကားပေါ်အရင်ဆင်းသွားကာ တစ်ဖက်မှ သူထိုင်နေသည့် တံခါးလေးကိုဆွဲဖွင့်ပေးသည်။

" ဦးငယ်...အိမ်ထဲဝင်ကြမယ်လေ..."

"အင်း..."

ခပ်ပြတ်ပြတ်စကားလေးအဆုံး ကားပေါ်မှာ
ဆင်းလိုက်တော့ သူ့လက်မောင်းလေးကိုလာတွဲသည့် လက်တစ်စုံ။
တွန်းဖယ်လိုက်မိသည်။

" ငါဘာသာငါ လမ်းလျှောက်နိုင်တယ်...တွဲစရာမလိုဘူး..."

"အာ...​မောင်က ဦးငယ်မူးဝေနေမှာဆိုးလို့ပါ...
လမ်းလျှောက်နိုင်တယ်ဆိုလည်း ဖြည်းဖြည်းလျှောက်နော် ဦးငယ်..."

" အင်း..."

ဦးငယ်ကျနော့်မျက်နှာကိုပင်တစ်ချက်မကြည့်ဘဲ အိမ်ထဲအရင်ဝင်သွားလေသည်။

ပြုံးမိပါရဲ့။နောက်ဆုံးတော့ ဦးငယ်မောင့်အနားပြန်ရောက်လာခဲ့ပြီလေ။

အိမ်အဝင်ဝလေးရောက်တော့ Taehyung ခြေလှမ်းတွေကရပ်တန့်သွားလေသည်။

ဦးငယ်~(Completed)Where stories live. Discover now